အပြောင်းအလဲတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်စေချင်

မြန်မာနိုင်ငံက အပြောင်းအလဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ဖို့ ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့နဲ့ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

2012.04.10

ပြီးခဲ့တဲ့မတ်လ ၁၄ ရက်နေ့က ချင်းတွင်းမြစ်ကို ဖြတ်ဆောက်မဲ့ ထမံသီရေကာတာ တည်ဆောက်မဲ့နေရာအနီးမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတရပ် ပြုလုပ်ခဲ့ပြီးတဲ့နောက် ၂ ရက်အကြာ မတ်လ ၁၆ ရက်နေ့မှာ ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဒေသခံရွာသားတွေကို ခေါ်ယူသွားတယ်လို့ သိရပါတယ်။

ဖြစ်ပုံကို ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့က မငါငိုင်းက အခုလိုပြောပါတယ်။

" အဲဒီမှာ စစ်သားတွေလည်းပါတယ်တဲ့။ လူတွေကိုခေါ်သွားပြီးတော့ ဘာဖြစ်လို့ ဆုတောင်းပွဲလုပ်ရသလဲ။ ဘယ်သူက ဦးဆောင်သလဲဆိုပြီး ဦးဆောင်တဲ့လူတွေရဲ့ နာမည်စာရင်းတွေ ယူသွားတယ်။ အထူးသဖြင့် ရွာခံလူတွေနဲ့ ခေါင်းဆောင်တချို့ရယ်၊ ပြီးတော့ ရှမ်း ဗုဒ္ဓဘာသာထဲက တချို့ကိုရိုက်တယ်"

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့နဲ့ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့က အပြင်းအထန် ကန့်ကွက်ကြောင်း၊ အပြောင်းအလဲတွေ လုပ်နေပါတယ်ဆိုတဲ့ မြန်မာပြည်မှာ အပြောင်းအလဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အစိုးရကို ကန့်ကွက်လိုက်သလို ထမံသီရေကာတာ ဆောက်လုပ်ရေး ဆောင်ရွက်မဲ့ အိန္ဒိယအစိုးရနဲ့ NHPC ကုမ္ပဏီ တို့ကိုလည်း လုပ်ငန်းတွေရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။