နယ်ခြားစောင့်တပ်ဖွဲ့ရန် မွန်ပြည်သစ်ပါတီလည်း ရာဇသံပေးခံရ

နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ် ဖွဲ့စည်းရေးကို လုပ်နိုင်မလုပ်နိုင် လာမဲ့ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ကြားရမယ်လို့ စရဖအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
2010-08-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၆၃ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ပလဲ့ဒွန်းဖိုက် ကျေးရွာတွင် သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Independent Mon News Agency)
၆၃ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ပလဲ့ဒွန်းဖိုက် ကျေးရွာတွင် သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Independent Mon News Agency)
(Photo: Independent Mon News Agency)

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့ ပြောဆိုချက်ကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီကို ခေါ်ယူပြောဆိုခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ- မွန်အမျိုသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇေယျက ပြောပါတယ်။

“ကျွန်တော်တို့က နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်ပေါ့နော်၊ အဲဒါ လက်ခံမခံပေါ့၊ အဲဒီ စက်တင်ဘာ ၁ ရက်နေ့မှာ ကျွန်တော်တို့ သဘောထားကို ပြန်လည် အကြောင်းပြန်ပေးဖို့ပေါ့နော်၊ ဗိုလ်ချုပ်ရဲမြင့်ကတော့ ပြောလာတာ ရှိတယ်၊ ဒါပေမဲ့ ၁၉၉၅ မတိုင်ခင် အခြေအနေ ပြန်ရောက်မယ်လို့ အဲလိုပဲ နားလည်ထားပါတယ်။”

စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအစီအစဉ်ကို တောက်လျှောက် ငြင်းဆန်လာခဲ့တဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ၊ လာမဲ့ စက်တင်ဘာ ၁ ရက်နေ့ ရောက်တဲ့အခါမှာလည်း ဒီအတိုင်းသာ အကြောင်းပြန်သွားဖို့ ရှိကြောင်း RFA ကို ပြောဆိုပါတယ်။

မွန်ပြည်သစ်ပါတီဖက်က အဲဒီလို ငြင်းလိုက်မယ်ဆိုရင်တော့ စစ်အစိုးရနဲ့ မွန်ပြည်သစ် ပါတီတို့ကြား အခြေအနေတွေဟာ မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲခဲတဲ့ ၁၉၉၅ ခုနှစ် မတိုင်ခင်ကာလတွေလိုပဲ တဖက်နဲ့ တဖက် ပြန်လည် တိုက်ခိုက်တဲ့ အနေအထားကို ပြန်ရောက်သွားနိုင်တယ်လို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေကို သတိပေးထားတယ်လို့ သိရပါတယ်။ ခုလိုပြောဆိုတာဟာလည်း ခြိမ်းခြောက်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီက ယူဆထားတယ်လို့ သိရပါတယ်။

အလားတူပဲ စစ်အစိုးရအနေနဲ့ UWSA အဖွဲ့ မိုင်းလားအဖွဲ့အပြင်၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ တွေကိုလည်း လာမဲ့ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အဖြေပေးဖို့ ပြောဆိုထားပါတယ်။  

မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်နဲ့ ဗိုလ်ချုပ်ဇေယျကို RFA မှ ဦးဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့