နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ရန်ကုန်- မန္တလေး ခြေလျင်ခရီး စတင်
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ကို လွှတ်ပေးဖို့ တောင်းဆိုချက်နဲ့ မြောက်ဒဂုံ မြို့နယ်၊ သီရိအောင်မြေကျောင်းတိုက် ဆရာတော် ဦးရက္ခဝံသဟာ ဒီကနေ့ ရန်ကုန်မြို့ကနေ မန္တလေးမြို့အထိ တစ်ကိုယ်တော် ခြေလျင်ခရီး စတင်ထွက်ခွာသွားပါတယ်။
-
2013-08-11 -

ရန်ကုန်မြို့ ဦးဝိစာရအဝိုင်းကနေ မန္တလေး မဟာမြတ်မုနိဘုရားအထိ ခြေလျင်ကြွချီတာဖြစ်ကြောင်း ဆရာတော် ဦးရက္ခဝံသက မိန့်ကြားပါတယ်။
ဆရာတော် ဦးရက္ခဝံသဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကလည်း လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တစ်ပါးတည်း ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ကချင်ပြည်နယ် အပစ်အခတ်ရပ်စဲရေးအတွက် လိုင်ဇာလမ်းလျှောက်အဖွဲ့နဲ့ လိုက်ပါကြွချီပြီး ငြိမ်းချမ်းရေးအလံကို သွားရောက်စိုက်ထူခဲ့ဖူးပါတယ်။
မန္တလေးကို ဒီနေ့လမ်းလျှောက်ခရီး စတင်ကြွချီတာကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုက ဦးသန်းဆွေ အပါအဝင် ဆရာတော်ရဲ့ ဒကာ၊ဒကာမ ၁ဝယောက်လောက်က ဘေးကနေ လိုက်ပါစောင့်ရှောက်ပေးတယ်လို့ ပြောပါတယ်။