ဖမ်းဆီးခံ ၁၂၇ ဦးထဲ က ကျောင်းသားကျောင်းသူ ၁၆ ဦး ပြန်လွှွတ်ပေး


2015.03.12
letpadan-court-305.jpg ကျောင်းသားသပိတ်ဖြိုခွင်းပြီး ဖမ်းဆီးခံထားသူတွေကို မတ်လ ၁ဝ ရက်နေ့က လက်ပံတန်းမြို့မှာ ရုံးထုတ်လာစဉ်
Photo: Aung Ko Ko/RFA

မတ်လ ၁၀ ရက်နေ့က လက်ပံတန်း ကျောင်းသား သပိတ်စခန်းဖြိုခွင်းပြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူ ကျောင်းသူ ကျောင်းသားတွေထဲက ဒီနေ့ညနေပိုင်းအထိ ၁၆ ယောက်လောက်ကို လွှတ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းပြန်တက်ပြီး စာမေးပွဲဖြေဖို့အတွက် လွှတ်ပေး လိုက်တာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ က ပြောတယ်လို့ ပြန်လည်လွတ်မြောက်လာ တဲ့ ကျောက်ဆည်မြို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ တာဝန်ခံ ကိုအောင်မင်းခန့် က ပြောပါတယ်။

"စာမေးပွဲပြန်ဖြေရအောင်လို့ပေါ့၊ ပြီးတော့ဒီအမှုတွေ ကို သူတို့ပလပ်ပေးလိုက်တယ်ပေါ့၊ နောက်ထပ် လုပ်တဲ့ကိစ္စကို ကျနော်တို့ကိုယ်တိုင် တာဝန်ယူ ရမယ်တို့၊ ကျနော်တို့သေချာမေးတာက ဒီအမှု ကိုနောက်ပြန်စွဲမှာလား၊ ကျနော်တို့ဘက်ကသေချာ တာက ဆက်လုပ်နေတာပဲ၊ ကျနော်တို့ကဒီဟာကိုပြန်ပြီး ပေါင်းစွဲမှာလား၊ ဟိုဟာကိုပဲစွဲမှာလားဆိုတော့ သူတို့ ကပြန်ပေါင်းမစွဲဘူးပေါ့၊ ပလပ်လိုက်ပြီပေါ့ အဲ့လိုပြောတယ်"

ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစဉ်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သာယာဝတီအကျဉ်းထောင်ဆေးရုံ မှာ ဆေးဝါးကုသနေရသူ ၁၀ ဦး ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်းကို ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းထားသူ ၁၂၇ ဦးရှိတယ်လို့ အစိုးရက ကြေညာထားပါတယ်။

အခုလို ကျောင်းသားဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ အကြမ်းဖက်ဖြိုခွဲနှိမ်နင်းခဲ့မှုနောက်ပိုင်း မြင်တွေ့လာရနိုင် တဲ့ နိုင်ငံရေးအခင်းအကျင်းသစ်တွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုတောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး မကြာခင်ရက်ပိုင်းတွင်း ကျင်းပဖို့ရှိမယ်လို့ ပြောလိုက်တာဟာ လက်ပံတန်းမှာ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေကို အာရုံလွဲလိုက်တာဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေရှိနေပါတယ်၊ ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။