ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
မျိုးစောင့်ဥပဒေ လေးမျိုးထဲမှာပါဝင်တဲ့ "ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်း"ကို အမျိုးသားလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
-
2015-05-14 -
-
-
Your browser doesn’t support HTML5 audio
မျိုးစောင့်ဥပဒေ လေးမျိုးထဲမှာပါဝင်တဲ့ "ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း"ကို အမျိုးသားလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
အမျိုးသားလွှတ်တော်မှာ အဲဒီဥပဒေကြမ်းဆွေးနွေးမှု အပေါ် ကန့်ကွက်မယ့်သူမရှိတာကြောင့် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အတည်ပြုကြောင်းကြေညာလိုက်ပါတယ်။
မျိုးစောင့်ဥပဒေတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားမှုနှုန်းထိန်းညှိခြင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဥပဒေကြမ်းလေး ခုထဲက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းမှာ မည်သူမဆို မိမိကိုးကွယ်ရာဘာသာကနေ အခြားဘာသာ ဒါမှမဟုတ် ဘာသာမဲ့အဖြစ် လွတ်လပ်စွာကူးပြောင်းကိုးကွယ်ခွင့်ရှိတယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် အဲဒီဥပဒေကြမ်းမှာ ဘာသာသာသနာကို စော်ကားဖို့၊ အကြည်ညိုပျက်စေဖို့၊ အလွဲသုံးစားပြုဖို့ အကြံအစည်နဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းမယ်ဆိုရင် ထောင်ဒဏ် ၂နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၂သိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမယ်လို့ ဖော်ပြထားသလို ဘာသာကူးပြောင်းတာကို ပိတ်ပင်တားမြစ်မယ် ဆိုရင် ထောင်ဒဏ် ၆လ၊ ငွေဒဏ် ကျပ် ၅သောင်းနဲ့ ဒဏ်နှစ်ရပ်လုံး ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။