သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို ယူနက်စကို သတင်းလွတ်လပ်ခွင့်ဆုချီးမြှင့်

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှု UNESCO အဖွဲ့က ချီးမြှင့်တဲ့ Guillermo Cano သတင်း လွတ်လပ်ခွင့်ဆုကို ဒီနှစ်အတွက် မြန်မာနိုင်ငံက အကျဉ်းချခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချီးမြှင့်လိုက်ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈ ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ် Photo: Htet Arkar/RFA

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှု UNESCO အဖွဲ့က ချီးမြှင့်တဲ့ Guillermo Cano သတင်း လွတ်လပ်ခွင့်ဆုကို ဒီနှစ်အတွက် မြန်မာနိုင်ငံက အကျဉ်းချခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချီးမြှင့်လိုက်ပါတယ်။

သတင်းလွတ်လပ်ခွင့်အတွက် အန္တရာယ်ကြားကနေ စွန့်စွန့်စားစား ရေးသားဖော်ထုတ်ခဲ့ကြတဲ့ ကမ္ဘာတလွှားက သတင်းသမားတွေကို ချီးမြှင့်တဲ့ဒီဆုဟာ ၁၉၈၆ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိုလံဘီယာသတင်းသမား Guillermo Cano ကို ဂုဏ်ပြုတဲ့အနေနဲ့ UNESCO အဖွဲ့က ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားကို မေလ ၃ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အထိမ်းအမှတ်နေ့မှာ အီသီယိုးပီးယားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝ၁ ခုနှစ် အတွက် UNESCO /Guillermo Cano သတင်း လွတ်လပ်ခွင့်ဆုကို မြန်မာနိုင်ငံက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ချီးမြှင့်ခဲ့ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ဆုချီးမြှင့်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း RSF (ခေါ်) နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်လိုက်ပြီး၊ သူတို့နှစ်ဦး အမြန်ဆုံးလွတ်မြောက်ရေး အတွက်လည်း ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org