RFA TV အစီအစဉ်များ Apstar-7 ဂြိုဟ်တု အသစ်ကနေ ပြောင်းလဲ ထုတ်လွှင့်နေ

RFA TV အစီအစဉ်တွေကို ပရိသတ်တွေ ပိုပြီး ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ကြည့်ရှုနိုင်ကြဖို့ အတွက် Apstar 2R ဂြိုဟ်တုက ထုတ်လွှင့်ပေးနေရာကနေပြီး အခုအခါ နောက်ဆုံးထွက်ပေါ်လာတဲ့ Apstar-7 ဂြိုဟ်တု အသစ်ကနေ ပြောင်းလဲ ထုတ်လွှင့်နေပါပြီ။ ဇွန်လ ၂၁-ရက်နေ့ နောက်ပိုင်းမှာတော့ လက်ရှိသုံးနေတဲ့ Apstar 2R ဂြိုဟ်တုကနေ ကြည့်လို့ ရတော့မှာ မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

2012.06.15

အဲဒီ Apstar-7 ဂြိုဟ်တု အသစ်နဲ့ ပတ်သက်လို့ သိသင့်တာတွေကတော့-
တည်နေရာ – 76.5 East
Download Frequency – 3769
Symbol rate – 13,333 mbps
FEC – 5/6
Transponder – 6A

New Skies  ဂြိုဟ်တုကနေ ဖမ်းယူကြည့်ရှုသူတွေအတွက်တော့ အပြောင်းအလဲ ရှိမှာ မဟုတ်ဘဲ အရင်အတိုင်း ဆက်လက်ရှုစားနိုင်မှာ ဖြစ်ပါတယ်။

RFA TV အစီအစဉ်တွေကို ညစဉ် မြန်မာစံတော်ချိန် ၈ နာရီက ၈နာရီခွဲ အထိ ထုတ်လွှင့်ပေးနေပြီး၊  ည ၁၀ နာရီက ၁၀ နာရီခွဲအထိ  ပြန်လည် ထုတ်လွှင့်ပေးပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။