ရိုဟင်ဂျာတွေရဲ့ဖြစ်ရပ်ဆိုးတွေကို အာဂျင်တီးနားတရားရုံး ပထမဆုံးအကြိမ် ကြားနာမည်

2021-08-16
Share
ရိုဟင်ဂျာတွေရဲ့ဖြစ်ရပ်ဆိုးတွေကို အာဂျင်တီးနားတရားရုံး ပထမဆုံးအကြိမ် ကြားနာမည် ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။
File Photo: Reuters

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် ဖိနှိပ်ခံရချိန်က စစ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုကနေ အသက်မသေဘဲ ကျန်ခဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံကို အာဂျင်တီးနားနိုင်ငံက တရားရုံးမှာ ဒီနေ့ သြဂုတ်လ ၁၇ ရက်မှာ ပထမဆုံးအကြိမ် ထွက်ဆိုမယ်လို့ သတင်းရရှိပါတယ်။

အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့တော်မှာရှိတဲ့ ပြစ်မှုဆိုင်ရာပြည်ထောင်စုအယူခံရုံးက ကြားနာမှာ ဖြစ်ပါတယ်။ အဲဒီကြားနာပွဲမှာ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတဲ့သူ ငါးယောက်အပါအဝင် ရိုဟင်ဂျာတွေက သူတို့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ထွက်ဆိုမယ့်အကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း BROUK က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုကို ဆန့်ကျင်တဲ့ ပြစ်မှုတွေမှာ မြန်မာအရပ်ဘက်နဲ့ စစ်ဘက်ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးဖို့ BROUK အဖွဲ့က ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

BROUK အဖွဲ့ရဲ့ရှေ့နေအဖြစ် ၂ဝဝ၈ ကနေ ၂ဝ၁၄ ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ခြောက်နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အာဂျင်တီးနားရှေ့နေ Tomas Ojea Quintana က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့