ထွက်ပြေးလာသူ နှစ်သောင်းကျော် ဟု IOM အရာရှိပြောဆို

လတ်တလောကာလအတွင်း ရခိုင်ပြည်နယ် က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂ သောင်းကျော်ရှိတယ်လို့ ကုလ သမဂ္ဂလက်အောက်ခံ IOM (International Organization for Migration) ခေါ် နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်သူများ ဆိုင်ရာအဖွဲ့က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

လတ်တလောကာလအတွင်း ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂ သောင်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလက်အောက်ခံ IOM (International Organization for Migration) ခေါ် နိုင်ငံတ ကာ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Cox’s Bazar) ကော့ဇက် ဘဇားမြို့မှာရှိတဲ့ IOM အကြီးအကဲ Sanjukta Sahany ဆန်းဂျု့တာ ဆာဟာနီက ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အတွင်း ထွက်ပြေးလာတဲ့ မွတ်စလင် နှစ်သောင်း တစ်ထောင်ခန့်ရှိတယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။

ဒီအတောအတွင်း တနင်္လာနေ့က ထွက်ပြေး ရိုဟင်ဂျာ ၃ဝ ခန့်လိုက်ပါလာတဲ့ လှေတစင်း နတ်မြစ်အတွင်း နစ်မြုပ်လို့ လူအများအပြား ပျောက်ဆုံးနေကြောင်း သတင်းရပါတယ်။ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အမျိုးသမီး တဦးရဲ့အလောင်းကို အင်္ဂါနေ့ မနက်က ဆယ်ယူရရှိခဲ့လို့ စမ်းသပ်စစ်ဆေးနေကြောင်း၊ ဒါပေမဲ့ အဲဒီ အမျိုးသမီးဟာ ရိုဟင်ဂျာ ဟုတ် မဟုတ် ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org