မြန်မာ အရာရှိတွေကို အရေးယူမယ့် ဥပဒေ ဂျူး ညွန့်ပေါင်းအဖွဲ့ ထောက်ခံ

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ညှဉ်းပမ်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာ တပ်မတော် အရာရှိတွေကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက အဆိုပြုခဲ့တာကို (Jewish Rohingya Justice Network - JRJN) ဂျူး ရိုဟင်ဂျာ တရားမျှတမှု ကွန်ရက်လို့ အမည်ပေးထားတဲ့ ညွန့်ပေါင်းအဖွဲ့က ထောက်ခံကြိုဆို လိုက်ပါတယ်။

နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ တပ်မတော်နေ့ကို တက်ရောက်လာတဲ့ စစ်တပ်အရာရှိတချို့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ညှဉ်းပမ်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာ တပ်မတော် အရာရှိတွေကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက အဆိုပြုခဲ့တာကို (Jewish Rohingya Justice Network - JRJN) ဂျူး ရိုဟင်ဂျာ တရားမျှတမှု ကွန်ရက်လို့ အမည်ပေးထားတဲ့ ညွန့်ပေါင်းအဖွဲ့က ထောက်ခံကြိုဆို လိုက်ပါတယ်။

အဲဒီ အဖွဲ့ရဲ့ ဧပြီလ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ (Burma Human Rights and Freedom Act- မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ လွတ်မြောက်ရေး ဥပဒေ) ကို ပြန်လည်ပြဌာန်းဖို့ အထက်လွှတ်တော်အမတ် ၁၄ ဦးက ကြာသပတေးနေ့မှာ အဆိုပြုခဲ့တာကို ထောက်ခံကြောင်း၊ မြန်မာ့တပ်မတော်ဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း၊ ရိုဟင်ဂျာလူမျိုးတွေ အခုလို နှိပ်စက်ခံရမှုတွေဟာ မိမိတို့ ဂျူးလူမျိုးတွေရဲ့ အတိတ်သမိုင်းကို ထင်ဟပ်နေကြောင်းနဲ့ ဒီပဋိပက္ခ အဆုံးသတ်ရေးအတွက် မိမိတို့အားလုံး တညီတညွတ်ရှိကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org