ရိုဟင်ဂျာအမည်အသုံးပြုမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

2022.01.07
Share on WhatsApp
Share on WhatsApp
ရိုဟင်ဂျာအမည်အသုံးပြုမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက် IOM အဖွဲ့က Rohingya Cultural Memory Centre အမည်ဖြင့် ဖွင့်လှစ်ထားသော အင်တာနက် ဝက်ဘ်ဆိုက်စာမျက်နှာ။
Photo: IOM

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ IOM ကနေ ရိုဟင်ဂျာလူမျိုးဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ IOM ဟာ Rohingya Cultural Memory Center နာမည်နဲ့ အင်တာနက် စာမျက်နှာ တစ်ခု ဖွင့်လှစ်ထားကြောင်း၊ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးနဲ့ ပူးပေါင်းပြီး "Art, Life, Rohingya” ဆိုတဲ့ နာမည်နဲ့ အွန်လိုင်း ပြပွဲ တစ်ခုကိုလည်း ကျင်းပခဲ့ကြောင်း၊ ဒီလိုလုပ်ရပ်တွေဟာ IOM အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ကျွမ်းကျင်မှုနယ်ပယ်ကို ကျော်လွန်နေပြီး၊ IOM အဖွဲ့အနေနဲ့ ရိုဟင်ဂျာလူမျိုးအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေကို အတည်ပြုပေးနိုင်တဲ့ အခြေအနေ မရှိတဲ့အတွက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ဒီဇင်ဘာလ ၂၃ ရက်နေ့က IOM အဖွဲ့ကို ကန့်ကွက်စာ ပေးပို့ခဲ့တယ် လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ သမိုင်းမှတ်တမ်းမှာ မရှိတဲ့အတွက် ဒီအသုံးအနှုန်းအသုံးပြုတာကို မြန်မာနိုင်ငံက ပယ်ချပြီး၊ မြန်မာ ပြည်သူတွေကလည်း လက်မခံတဲ့အကြောင်း၊ IOM အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာပါ အကြောင်းအရာတွေဟာ မှားယွင်းပြီး လုပ်ကြံဖန်တီးမှုတွေသာ ဖြစ်တဲ့အကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့