ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ စစ်ကောင်စီကို မလေးရှားနဲ့အင်ဒိုနီးရှား တိုက်တွန်း

2021.11.10
Share on WhatsApp
Share on WhatsApp
ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ စစ်ကောင်စီကို မလေးရှားနဲ့အင်ဒိုနီးရှား တိုက်တွန်း အင်ဒိုနီးရှားသမ္မတနဲ့ မလေးရှားဝန်ကြီးချုပ်တို့ နိုဝင်ဘာ ၁ဝ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံကြစဉ်။
Photo: AFP

ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားနိုင်ငံကို ထွက်ပြေးနေတဲ့ကိစ္စနဲ့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေကို ဖြေရှင်းဖို့ စစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံခေါင်းဆောင်တွေ မနေ့ကတိုက်တွန်းလိုက်တဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တာဟာ လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေ မြန်မာနိုင်ငံက ပိုပြီးထွက်လာစေနိုင်ပြီး မြန်မာနိုင်ငံရဲ့အရေးပေါ်အခြေအနေကို စိုးရိမ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံကို တရားဝင်ခရီးစဉ်နဲ့ရောက်နေတဲ့ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြောပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ နှစ်သိန်းကျော်ပြောင်းရွှေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားသမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး မလေးရှားဝန်ကြီးချုပ် ပြောတာက မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေထိုင်ခွင့်ရနေမယ်ဆိုရင် မလေးရှားကို ထွက်လာတဲ့ ရိုဟင်ဂျာ အရေအတွက်က သေချာပေါက် လျော့ကျသွားမယ်လို့ ဆိုပါတယ်။

မလေးရှားနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံလုံးဟာ မွတ်စလင်အများစုရှိတဲ့ နိုင်ငံတွေဖြစ်ကြပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရိုဟင်ဂျာအရေးကို စိုးရိမ်တယ်လို့ နှစ်နိုင်ငံလုံးက ထုတ်ဖော်ပြောဆိုနေကြတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

COMMENTS

ဆိုက်တခုလုံးသို့