ရိုဟင်ဂျာဒုက္ခသည်စခန်းက ကိုဗစ်ဆေးခန်း မီးလောင်
2022.01.04
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာရှိတဲ့ ကိုဗစ်ကုသရေးစခန်းတစ်ခု ပြီးခဲ့တဲ့ တနင်္ဂနွေ ညနေပိုင်းက မီးလောင်လို့ ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် လူတွေထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ကျန်းမာရေးကုသမှုတွေ မကြာခင်မှာ ပြန်စတင်နိုင်မှာဖြစ်ပြီး ဒုက္ခသည်စခန်းအတွင်း ကွင်းဆင်းကုသမှုတွေကိုတော့ နာရီမပြတ် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ IOM အဖွဲ့က ပြောပါတယ်။
စခန်းအတွင်း မထင်မှတ်ဘဲ မီးလောင်တဲ့အခါ ဘာတွေကို ဘယ်လိုလုပ်ဖို့လိုအပ်တယ်ဆိုတဲ့ အသိပညာပေးမှုတွေကိုလည်း ဒုက္ခသည်တွေအကြား လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။