ရိုဟင်ဂျာတွေ စက်တင်ဘာ ပြန်နိုင်ဖွယ်ရှိလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြား


2019-07-25
Share
ak-abdul-momen-622.jpg ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ကို တွေ့ရစဉ်
Photo: AK Abdul Momen's FB

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင် က သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ပြန်ပို့ရေး အစီအစဉ်ကို လာမယ့် စက်တင်ဘာလလောက်မှာ စတင်နိုင်ဖွယ်ရှိတယ်လို့  ပြောကြား လိုက်ပါတယ်။ ဒါကာမြို့မှာ သတင်းထောက်တွေနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာမှာ သူက အခုလို ပြောခဲ့တာပါ။

ဝန်ကြီးချုပ် ရှိတ် ဟာစီနာ တရုတ်ပြည်ကို သွားရောက်ခဲ့ပြီးနောက်မှာ  လုပ်ငန်းစဉ်တွေက  ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့ပါတယ်၊  ရိုဟင်ဂျာတွေ ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့ မိတ်ဆွေနိုင်ငံအားလုံးထံက အကောင်းမြင်တဲ့ စကားတွေကို အားရစရာကြားနေရပါတယ်လို့လည်း သူက ပြောပါတယ်။ ဝန်ကြီး မိုမန် ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့  အမေရိကန် လွှတ်တော်အမတ်တွေကို ဒီလအတွင်း သွားရောက်တွေ့ဆုံပြီး  ဒါကာမြို့ကို အခုရက်ပိုင်း ပြန်ရောက်လာတာပါ။ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ ရခိုင်ပြည်နယ်ပြန်လည်သွားရောက်ရေးအတွက် ပိုမိုကြိုးပမ်းကြဖု့ိ နိုင်ငံတကာကို တိုက်တွန်းခဲ့ကြောင်းနဲ့ လာမယ့် စက်တင်ဘာလကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာက အပြစ်တင်ဝေဖန်မယ့် အလားအလာ မတွေ့ရဘူးလို့လည်း သူက ပြောပါတယ်။

ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးနေဆန်းလွင်ကတော့ ရိုဟင်ဂျာတွေ နောက်တကြိမ် အခုလို အဖြစ်ဆိုးမျိုး မကြုံတွေ့ရဖို့နဲ့ သူတို့နေရပ်မှာ လူလိုသူလို ပြန်လည်နေထိုင်ရဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရော ကမ္ဘာတခုလုံးမှာပါ တာဝန်ရှိတယ်လို့ ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့