ရိုဟင်ဂျာဒုက္ခသည်တွေကို UAE နိုင်ငံက ကူညီမည်

အာရပ်စော်ဘွားနိုင်ငံများ ပြည်ထောင်စု ခေါ် UAE နိုင်ငံရဲ့သမ္မတ Sheikh Al Nahyan က မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့မယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf ခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည်နေအိမ်များကို တွေ့ရစဉ်။ AFP

ဒါ့အပြင် သူက တခြား ကမ္ဘာ့နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံအတွင်းက ဖိနှိပ်ညှဉ်းပန်းခံနေရတဲ့ မူဆလင် ရိုဟင်ဂျာများ အရေးကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

မနေ့ကလည်း ဆော်ဒီအာရေးဗီးယားဘုရင် Abdullah ကလည်း မြန်မာနိုင်ငံက အဖိနှိပ်ခံ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို အမေရိကန် ဒေါ်လာသန်း ၅၀ အကူအညီပေးမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org