မွတ်စလင် ၆ဝဝ ခန့် အင်ဒိုနီးရှား ကမ်းခြေရောက်


2015-05-10
Share
rohingya_boat_305px.jpg မြန်မာနိုင်ငံမှလှေဖြင့် ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေကို ၂၀၀၆ ခုနှစ် ဧပြီ ၂၅ရက်နေ့တွင် အင်ဒိုနီးရှား အစောင့်ရဲနဲ့အတူ တွေ့ရစဉ်
Photo: AFP

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင် စုစုပေါင်း လူဦးရေ ၆ဝဝ ခန့်ကို တင်ဆောင်လာတဲ့ စက်လှေ ၄ စီးဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဖက် ကမ်းခြေကို မနေ့က ရောက်ရှိလာတဲ့အတွက် IOM နိုင်ငံတကာရွေ့ပြောင်းအခြေချသူများအဖွဲ့က ကူညီဖို့ ကြိုးစားနေပါတယ်။

စက်လှေ ၃ စင်းကို လူကုန်ကူးသူတွေက အဖမ်းခံရမှာ စိုးလို့ ပစ်သွားခဲ့တာဖြစ်ပြီး ကျန်စက်လှေတစ်စင်း ကတော့ လှောင်စာဆီကုန်ခမ်းလို့ ကမ်းခြေကို ဒေသခံ စက်လှေတွေက ဆွဲယူလာတာဖြစ်ပါတယ်။  လူကုန် ကူးတွေက ခေါ်ယူလာတဲ့ အဲဒီလူတွေထဲမှာ အမျိုးသမီး ၁ဝဝ ခန့်နဲ့ ကလေးသူငယ် ၅ဝ ခန့်ပါဝင်ပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရက ဒီရက်ပိုင်းအတွင်း လူကုန်ကူး မှုတိုက်ဖျက်ရေးကို  စီမံချက်ချပြီး အပြင်းအထန် ဖမ်းဆီး မှုတွေပြုလုပ်နေတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားက လူမှောင်ခိုဂိုဏ်းတွေခေါ်လာတဲ့ အဲဒီ လှေစီးဒုက္ခသည်တွေ အင်ဒိုနီးရှားနိုင်ငံကို အများ အပြား ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့