Ross Dunkley နဲ့အတူ ၉ ဦးကို ရုံးထုတ်

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာတိုင်းမ် သတင်းစာရဲ့ CEO အမှုဆောင်အရာရှိချုပ်ဟောင်း၊ သြစတြေးလျနိုင်ငံသား ရော့ဒန်ကလေနဲ့ အင်္ဂလန်နိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသား ၇ဦးအပါဝင် ၉ဦးကို ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံသား ရော့ဒန်ကလေ ကို ၂၀၁၈ ဇွန်လ ၁၅ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် Photo: Htet Arkar/RFA

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာတိုင်းမ် သတင်းစာရဲ့ CEO အမှုဆောင်အရာရှိချုပ်ဟောင်း၊ သြစတြေးလျနိုင်ငံသား ရော့ဒန်ကလေနဲ့ အင်္ဂလန်နိုင်ငံသားတစ်ဦး ၊ မြန်မာနိုင်ငံသား ၇ဦးအပါဝင် ၉ဦးကို ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံသား ရော့ဒန်ကလေနဲ့အတူ ဖမ်းဆီးခံထားရတဲ့ အင်္ဂလန်နိုင်ငံသားတို့က သူတို့နဲ့အတူ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၇ ဦးစလုံးဟာ မိသားစုနဲ့ တွေ့ခွင့်ရပေမယ့် သူတို့ကတော့  မိခင်နိုင်ငံ သံရုံးနဲ့ တွေ့ခွင်မရသေးကြောင်းနဲ့ တွေ့ခွင့်ပေးဖို့ ဒီနေ့ တရားခွင်မှာ တောင်းဆိုခဲ့ပါတယ်။

အဲဒီလိုတောင်းဆိုရာမှာ တရားသူကြီးက အမှုတည်ဆောက်ဆဲကာလဖြစ်တာကြောင့် ဆုံးဖြတ်ချက်ချလို့ မရသေးကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရဲတပ်ဖွဲ့ကိုပြောဖို့ တရားရုံးအနေနဲ့ အကူညီတောင်းခံပေးမယ်လို့ တရားသူကြီးက ပြန်လည်ပြောခဲ့ပါတယ်။

ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ သက်ဆိုင်ရာသံရုံးကို အကြောင်းကြားဖို့ အဆင့်ဆင့် တင်ပြထားကြောင်း တရားခွင်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့က ရော့ဒန်တလေရဲ့နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား WY ၊ ရေခဲ Ice လို့ခေါ်ကြတဲ့ ပုံဆောင်ခဲစိတ်ကြွမူးယစ်ဆေးဝါး crystal methamphetamine တို့ကိုတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံသား ရော့ဒန်ကလေဟာ လွန်ခဲ့တဲ့  ၂၀၀၄ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ ဆယ်စုနှစ်အကြာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာထုတ်ဝေတဲ့ မြန်မာတိုင်းမ်သတင်းစာ မှာ CEO အဖြစ်တာဝန်ယူခဲ့ပြီး လက်ရှိအချိန်မှာ အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံအဖြစ် တာဝန်ယူနေသူဖြစ်ပါတယ်။

လာမယ့် ဇွန်လ၂၉ရက်နေ့မှာ အဲဒီအမှုကို စစ်ဆေးဖို့ တရားရုံးက ရုံးချိန်းထပ်မံချိန်းဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org