တရားစီရင်ရေးမှာ အဂတိကင်းရှင်းစေဖို့ တရားဥပဒေ စိုးမိုးရေးကော်မတီ တင်ပြ


2013.08.12
rule-law-committee-305.JPG တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်တွင် သြဂုတ် ၁၂ ရက်နေ့က အစီရင်ခံစာကို ဖတ်ကြားတင်ပြနေစဉ်
photo: RFA/ Myo Thant Khaing

တရားစီရင်ရေးမှာ အဂတိတရားကင်းရှင်းပြီး ဥပဒေပြဌာန်းချက်အတိုင်း ဆုံးဖြတ်ကြဖို့နဲ့ အုပ်ချုပ်ရေးပိုင်းက င်ရောက်မစွက်ဖက်ဖို့စတဲ့ အချက်တွေပါင်တဲ့ အစီရင်ခံစာတစ်စောင်ကို တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီကနေ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။

အစီရင်ခံစာပါ အချက်တွေဟာ ကော်မတီရဲ့ တွေ့ရှိမှုတွေအပေါ်မှာ တင်ပြထားတာလို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး၊ ပုသိမ်ြမို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးင်းမြင့်က RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ အဲဒီတရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာမှာ ဥပဒေရေးရာ၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ လယ်ယာမြေအရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စီစစ်တွေ့ရှိချက်၂၁ ချက်၊ သုံးသပ်ချက် ၇ချက်နဲ့ ရှေ့လုပ်ငန်းစဉ် အကြံပြုချက် ၁ ချက်တို့ ပါင်ပါတယ်။

ဒီကော်မတီကို ပြည်သူ့လွှတ်တော်က ၂၁၂ခုနှစ်သြဂုတ်လ ၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အဖွဲ့င်  ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။