သြဂုတ်လ ၁ ရက်ကစပြီး မြန်မာ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ အီလက်ထရွန်းနစ် ဗီဇာလျှောက်ထားနိုင်ပြီး ရုရှားကို အလွယ်တကူသွားရောက်နိုင်ပြီလို့ AsiaNews ကဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီကလည်း Novosibirsk နဲ့ St Petersburg မြို့တွေမှာ ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။
ယူကရိန်းကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံတွေက ရုရှားကို အရေးယူဒဏ်ခတ်ပိတ်ဆို့ကြတဲ့နောက် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် သူ့လိုပဲ အနောက်နိုင်ငံတွေ အရေးယူပိတ်ဆို့တဲ့ မြန်မာစစ်ကောင်စီနဲ့ ပိုနီးစပ်လာတယ်လို့ AsiaNews ကရေးသားပါတယ်။
အဲဒီ ယူကရိန်းကျူးကျော်စစ်ဆင်နွှဲချိန်ကစလို့ ရုရှားအတော်များများ မြန်မာနိုင်ငံကို ပြောင်းရွှေ့လာကြပြီး အဝေးကနေ ကွန်ပျူတာနဲ့ အလုပ်လုပ်ကြတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။