ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လေ့လာ သူများ ထောက်ပြ


2016.06.05
ayeyarwaddy-dolphin-620.jpg ဧရာဝတီလင်းပိုင်တွေကို စောင့်ကြည့် လေ့လာနေသူတွေ ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Photo: Kyaw Htoon Naing/ RFA

ဧရာဝတီမြစ်ထဲမှာ လင်းပိုင်အရေအတွက် နည်းလာတာကြောင့် မြစ်အတွင်း ငါးမဖမ်းရနေရာ တွေသတ်မှတ်ပေးဖို့ နဲ့ တရားမဝင် ရွှေသတ္တုတူးဖော်တာတွေကို ထိထိရောက်ရောက်အရေးယူဖို့ ဧရာဝတီလင်းပိုင်တွေကို စောင့် ကြည့်လေ့လာနေသူတွေက တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခန်းမှာ ဧရာဝတီလင်းပိုင်တွေကို စောင့်ကြည့် လေ့လာနေသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပတဲ့ပွဲမှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးချစ်က ပြောလိုက်တာပါ။

"ဧရာဝတီလင်းပိုင်တွေ အဓိကတိမ်းရှောင်တဲ့အချက်တွေက ဘာတွေလဲပေါ့၊ ပထမဆုံးတစ်ချက်က ရေထဲ မှာရှော့တိုက်ပြီးတော့ ငါးဖမ်းတာ၊ နောက်ပြီးတော့ ပိုက်ကြီးတွေနဲ့ဆွဲတာ၊ ရွှေကျင်တဲ့ကိစ္စတွေ၊ နောက် တစ်ချက်ကနေပြီးတော့ မြစ်တွေမှာတစ်ခါတည်း ဘေးကနေပြီးတော့ မြစ်အနည်ကျမှုတွေများလာတဲ့အခါ"

ဒါ့အပြင် ဧရာဝတီမြစ်အတွင်း ဆည်တွေ တည်ဆောက်လိုက်မယ်ဆိုရင် ရေခမ်းခြောက်မှုတွေ ဖြစ်လာပြီး လင်းပိုင်တွေ မျိုးတုန်း  ပျောက်ကွယ်သွားနိုင် တာကြောင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ဆည်တည် ဆောက် တာတွေ မလုပ်သင့်ဘူးလို့လဲ  ပြောပါတယ်။

လက်ရှိမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဧရာဝတီလင်းပိုင် အကောင်ရေ ၇၀ လောက်သာ ရှိ တော့ပြီး ၂၀၀၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း လင်းပိုင် ၃၆ ကောင်သေဆုံးခဲ့လို့ တစ်နှစ်ကို ပျှမ်းမျှ ၂ ကောင်နှုန်းလောက် သေ ဆုံးနေတယ်လို့ ဆိုပါတယ်။

ဧရာဝတီလင်းပိုင် စောင့်ကြည်လေ့လာသူတွေဟာ ပြီးခဲ့တဲ့ ဧပြီလက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မန္တလေး ကနေ ပြည်မြို့အထိ လင်းပိုင်လေ့လာရေး ခရီးစဉ် သွားရောက်ခဲ့ရာမှာ မန္တလေးမြို့ အောက်ဘက်မှာလည်း လင်းပိုင်တွေရှိနေတာကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။