အရှင်ဂမ္ဘီရ ဆန္ဒပြ
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရနဲ့ နိုင်ငံရေး အကျဉ်းသားတချို့ဟာ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ထောင်တွင်းအခွင့်အရေး ရရှိဖို့အတွက် အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
-
2011-05-29 -
-
-
Your browser doesn’t support HTML5 audio
လောလောဆယ် ထောင်ဝင်စာ တွေ့ခွင့် အပိတ်ခံထားရကြောင်း အရှင်ဂမ္ဘီရရဲ့ အမဖြစ်သူ မခင်သူဌေးက ပြောပါတယ်။
“၂၇ ရက်နေ့က သွားတော့ ဂိတ်စောင့်နဲ့ စကားပြောနေတဲ့ အချိန်မှာပဲ နယ်မြေခံရဲနဲ့ အက်စ်ဘီ တယောက်နဲ့လာတယ်။ ဒီထောင်က အစာငတ်ခံ ဆန္ဒပြကြမယ်ဆိုလို့ သူတို့ လာပြီး သတင်းယူတာလို့ အဲဒီလိုပြောတယ်”
အရှင်ဂမ္ဘီရကို မေလ ၂၇ ရက် သောကြာနေ့က သွားတွေ့ချိန်မှာ ထောင်ဝင်စာ ငြင်းပယ်ခံရတယ်လို့ မခင်သူဌေးက ပြောပါတယ်။
မေလ (၁၄) ရက်နေ့က ထောင်ဝင်စာ သွားတွေ့ရာမှာ အကျဉ်းထောင် လက်စွဲအတိုင်း ရပိုင်ခွင့်တွေ အပြည့်အဝ ပေးဖို့ အရှင်ဂမ္ဘီရ က ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးကိုကို ထံ စာရေးသား တောင်းဆိုထားကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။
အရှင်ဂမ္ဘီရ ကလေးမြို့အကျဉ်းထောင်အတွင်း ဆန္ဒပြနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမဖြစ်သူ မခင်သူဌေးကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |