ကျောက်တွင်းပြိုကျမှု ၃ ဦး သေ


2019.01.28
sagaing-mine-622.jpg ပြိုကျခဲ့တဲ့ စစ်ကိုင်းမြို့ တောင်ညိုရွာသစ်က ကျောက်တွင်းကို ၂၀၁၉ ဇန်နဝါရီ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ တောင်ညိုရွာသစ်မှာ ဒီနေ့မနက် ၉ နာရီခွဲလောက်က ကျောက်တွင်း ပြိုကျတာကြောင့် ၃ ဦးသေဆုံးပြီး တစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိထားသူ တစ်ဦးကိုတော့ ဆေးရုံပို့ဆောင်ထားပြီး ကျောက်ပုံတွေထဲ ပိနေသူ နှစ်ဦးကိုတော့ ကယ်ထုတ်နိုင်ရေး ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူ ၃ဦးကတော့ အမျိုးသမီး တစ်ဦး နဲ့ အမျိုးသား နှစ်ဦး ဖြစ်ပါတယ်။

ပြိုကျတဲ့ကျောက်တွင်းဟာ လမ်းခင်းကျောက်တွေကို တရားမဝင်ထုတ်ယူနေတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။