ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ကို NLD ပါတီက ထုတ်ပယ်

2019-01-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ကို တွေ့ရစဉ်
ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ကို တွေ့ရစဉ်
.

ဧရာဝတီတိုင်းလွှတ်တော်ရုံးမှာ အသုံးပြုမယ့် ကားဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခံထားရတဲ့ တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ကို NLD ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

တိုင်ကြားခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကစတင်ကာ ပါတီတွင်း အထူးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။

အဲဒီကားဝယ်ယူခဲ့မှုမှာ ဦးစံမင်းအောင်က တာဝန်ရှိတယ်ဆိုပြီး အထူးအဖွဲ့ရဲ့ အစီရင်ခံစာက ထောက်ပြတဲ့အတွက် ပါတီစည်းကမ်းအရ အရေးယူလိုက်တာဖြစ်ကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ဒီနေ့ ပြောပါတယ်။

တဆက်တည်းမှာပဲ တိုင်ကြားခံခဲ့ရတဲ့ ဦးစံမင်းအောင်နဲ့ပတ်သက်ပြီး ပါတီဘက်က အရေးယူဖို့ဆုံးဖြတ်ခဲ့တဲ့ အနေအထားကို သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာတွေထံ အကြောင်းကြားစာ ပေးပို့သွားမယ်လို့လည်း ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လွှတ်တော်ရုံးမှာ အသုံးပြုဖို့အတွက် ကား ၅ စီးကို ဧရာဝတီတိုင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့က ဝယ်ယူခဲ့ရာမှာ အလွဲသုံးစားခဲ့တာတွေရှိတယ်ဆိုပြီး တိုင်ကြားခံရတာ ဖြစ်ပါတယ်။

ဒီကိစ္စကို မေးမြန်းဖို့အတွက် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို RFA က ဖုန်းနဲ့ ဒီနေ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ဦးစံမင်းအောင်ကို ခေါ်ယူစစ်ဆေးနေတဲ့ကာလဖြစ်တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက RFA က သူ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ  ဘဏ္ဍာရေး စည်းမျည်း၊ စည်းကမ်းနဲ့အညီ လုပ်ခဲ့တာသာဖြစ်တယ်လို့ ပြန်လည်ဖြေကြား ထားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့