SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး

၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ ဖြစ်ပြီး နေပြည်တော်မှာ တည်ဆောက်နေတဲ့ အားကစားရုံကြီး (၃) ခုဟာ အခုအခါ (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီလို့ မလေးရှား Bernama သတင်းဋ္ဌာနက ဖော်ပြပါတယ်။

၂၀၁၃ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် အားကစားရုံကြီး တည်ဆောက်နေသည်ကိုတွေ့ရစဉ်။ RFA

တည်ဆောက်နေတဲ့ အားကစားရုံတွေကို ဇမ္ဗူသီရိ၊ ဇေယျာသီရိနဲ့ ဇမ္ဗူဒီပလို့ အမည်ပေးထားပြီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲကို လူ သုံးသောင်းနှစ်ထောင် ဆန့်တဲ့ ဇမ္ဗူသီရီ အားကစားရုံမှာ ကျင်းပမယ်လို့ ဆိုပါတယ်။

လူသုံးသောင်းကျော်ဆန့်တဲ့ ဇေယျာသီရိ အားကစားရုံမှာတော့ ပြေးခုန်ပစ် ပြိုင်ပွဲအမျိုးမျိုး ကျင်းပမှာဖြစ်ပြီး ဒီနှစ် ဒီဇင်ဘာလမှာ အသင့်ဖြစ်နေဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။

လာမယ့် ပြိုင်ပွဲမှာ အိမ်ရှင်မြန်မာနိုင်ငံဟာ ဆုတံဆိပ် အများဆုံးရရှိဖို့ မျှော်မှန်းထားတယ်လို့လည်း မလေးရှား Banama သတင်းက ဖော်ပြပါတယ်။ တစ်ချိန်က မြန်မာဟာ အားကစား အရာမှာ ဒေသတွင်းရဲ့ ကြယ်တစ်ပွင့်ဖြစ်ခဲ့ပေမဲ့ စစ်အစိုးရ အဆက်အဆက် နောက်ပိုင်းမှာ အဆင့်နိမ့်ကျသွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org