ခွင့်ပြုချက်မရှိဘဲ သင်္ကြန်ပွဲကျင်းပလို့ ဘုန်းကြီးကျောင်းတိုက် ချိတ်ပိတ်ခံရ

2019-04-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ချိတ်ပိတ်ခံလိုက်ရတဲ့ မလေးရှားနိုင်ငံ စလန်းကောပြည်နယ် ကာချမ်းမြို့က မေတ္တာဝိဟာရ ကျောင်းတိုက်ကို တွေ့ရစဉ်
ချိတ်ပိတ်ခံလိုက်ရတဲ့ မလေးရှားနိုင်ငံ စလန်းကောပြည်နယ် ကာချမ်းမြို့က မေတ္တာဝိဟာရ ကျောင်းတိုက်ကို တွေ့ရစဉ်
Photo: Citizen Journalist

မလေးရှားနိုင်ငံ စလန်းကောပြည်နယ် ကာချမ်းမြို့က မေတ္တာဝိဟာရ ကျောင်းတိုက်မှာ ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့က ခွင့်ပြုချက်မယူဘဲ သင်္ကြန်ပွဲ ကျင်းပခဲ့တာကြောင့် ကျောင်းတိုက်ကို မလေးရှား စည်ပင်ရဲတပ်ဖွဲ့က မနေ့က ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။

မေတ္တာဝိဟာရ ကျောင်းတိုက်က ဦးဆောင်ပြီး နယ်မြေလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ နားလည်မှုယူကာ ခွင့်ပြုချက်မတင်ဘဲ သင်္ကြန်ပွဲကို ကျင်းပခဲ့တာကြောင့် ပွဲကျင်းပနေချိန်မှာ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပွဲကို ဆက်လက်မကျင်းပဖို့ ညွှန်ကြားခဲ့ပြီး နောက်ရက်မှာ ကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့တာဖြစ်ကြောင်း မလေးရှားအခြေစိုက် ကပုန်း ၇ ရက်သားသမီးများ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက RFA ကိုပြောပါတယ်။

သင်္ကြန်ပွဲကျင်းပတဲ့နေရာအနီးမှာ နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ တိုင်ကြားချက်ကြောင့် မလေး ခရိုင် ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လူစုခွဲဖို့ ညွှန်ကြားခဲ့သလို လိုက်နာဆောင်ရွက်မှု မရှိရင် ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောကြားခဲ့ကြောင်းလည်း ဦးဆန်းဝင်းက ပြောပါတယ်။

မေတ္တာဝိဟာရကျောင်းတိုက်ဟာ ဘုန်းကြီးကျောင်းဖွင့်လှစ်ခွင့် တရားဝင် ရရှိထားတဲ့ ကျောင်းတိုက်မဟုတ်ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် အဲဒီမြေနေရာကို ဘုန်းကြီးကျောင်းအဖြစ် ငှားရမ်းထားတဲ့ မြေပိုင်ရှင်ကိုလည်း မလေးရှားရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူသွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မလေးရှားနိုင်ငံ ပီနန်မြို့ မြန်မာဘုန်းတော်ကြီးကျောင်းနဲ့ စကင်းချမ်းမြို့တွေမှာ မြန်မာရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွေကျင်းပဖို့ ခွင့်ပြုချက် ရယူပြီး ကျင်းပတာတွေရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့