ငလျင်ဒဏ်သင့် ဒုက္ခသည် ကူညီရေး ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ရန်ပုံငွေရှာဖွေ

ရှမ်းပြည်နယ်က ငလျင်ဒဏ်သင့် ဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရပြီး အကူအညီ လိုအပ်နေဆဲဘဲလို့ ငလျင်ဒဏ်သင့် ဒေသတွေကို သွားရောက်ကူညီခဲ့တဲ့ စေတနာရှင်တွေ နဲ့ အကူအညီပေးရေး အဖွဲ့တွေကပြောပါတယ်။
2011-04-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝဝ၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသကို ဗဟိုပြုပြီး အင်အား ၆.၈ ရှိသည့် ငလျင် လှုပ်သွားပြီးနောက် တာလေမြို့နယ်အတွင်း ယာယီ မြေစိုက်ရွက်ဖျင်တဲ တခုတွင် ငလျင်ဒဏ်ခံ ဒုက္ခသည် ကလေးငယ်တဦးကို တွေ့ရပုံ။ (Photo: AFP)

(Photo: AFP)

ငလျင်ဒဏ်သင့် ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို အကူအညီ ပေးနိုင်ဖို့အတွက် ကျိုင်းတုံမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်တရပ် လှုပ်ရှား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ငလျင်ဒဏ်သင့် ဒေသတွေရဲ့ လက်ရှိ အခြေအနေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ တေးသီချင်းတွေ စပ်ဆိုပြီး စီဒီခွေအဖြစ် ထုတ်လုပ်ကာ ရန်ပုံငွေ ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း မခင်ခင်အိက စုစည်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့