ရှမ်းပြည်နယ် မြေငလျင်ကြောင့် ဒေသခံ ပြည်သူ အမြောက်အများ သေဆုံး
2011.03.25
ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့ကို ဗဟိုပြုပြီး ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက် ကြာသပတေးနေ့ည ၈နာရီ ခွဲလောက်က ပြင်းအား ၆.၈ ရှိ မြေငလျင်လှုပ်ခဲ့တဲ့အတွက်ကြောင့် တာချီလိတ်မှာ လမ်းတံတားတွေ ပျက်စီးနေပုံ။ (ဓာတ်ပုံ - AFP)
AFP
ငလျင်ကြောင့် တာလေမြို့ ၊ နားရောင်း နဲ့ မိုင်းလင်း ဒေသတွေ အများဆုံး ထိခိုက် ပျက်စီးခဲ့ရာ နေအိမ်ပေါင်း ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း နဲ့ အစိုးရ အဆောက်အဦးတွေ ပျက်စီးကုန်တယ်လို့သိရပါတယ်။
မုန်းလင်းဒေသ တခုထဲတင် နေအိမ် ၁၂၉ လုံး ပျက်စီးသွားတယ်လို့ ဆင်ဟွာသတင်းများက ဆိုပါတယ်။
ရန်ကုန်မြို့အခြေစိုက် World Vision NGO အဖွဲ့ ဌာနေ ကိုယ်စားလှယ်က ကျိုုင်းတုံနဲ့ တာချီလိတ် တချို့နေရာတွေမှာ အဆောက်အဦးတွေ လမ်းတွေ အက်ကြောင်းတွေ ပေါ်ပြီး ရေဖြန့်ဝေပေးမှု ပြတ်တောက်ကုန်တယ်လ့ို ပြောပါတယ်။
အဲဒီ ငလျင် ဗဟိုချက်ကနေ မိုင် ၅၀၀ လောက်ဝေးတဲ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ချင်းရိုင်မြို့မှာ မြင့်မားတဲ့ အဆောက်အဦးတွေ ယိမ်းခါသွားတဲ့ အတွက် အထပ်မြင့် အဆောက်အဦးတွေက လူတွေ ဘေးလွတ်ရာကို ထွက်ပြေး ရှောင်တိမ်း ကြပါတယ်။
မဲဆိုင်ဒေသက အိမ်တအိမ် ပြိုကျရာမှာ အသက် ၅၂ အရွယ် အမျိုးသမီးတဦး သေဆုံံးခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘူမိငလျင် တိုင်းတာရေး ဌာနက ပထမငလျင် အပြီး အင်အားပြင်းတဲ့ နောက်ဆက်တွဲ ငလျင် ၆ ကြိမ် လှုပ်တယ်လို့ ဆိုပါတယ်။
အဲဒီ မြေငလျင် လှုပ်မှုကို တရုတ်နိုင်ငံ တောင်ပိုင်း ယူနန် ပြည်နယ်နဲ့ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တွေမှာပါ သိရှိ ခံစားကြရတယ်လို့ ပြောပါတယ်။
ဒီငလျင် သတင်းနဲ့ပတ်သက်ပြီး သတင်းပေးပို့ချက် အပြည့်အစုံကိုလဲ နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









