မလိခ မြစ်အောက်ဖက် ကမ်းစပ်အနီး ဈေးဆိုင် ၃၇ ဆိုင် ရေနစ်မြုပ်


2016.04.25
myintkyina-river-620.jpg ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေနဲ့အတူ မျောပါလာတဲ့ထင်းတွေကို ဆယ်ယူနေကြစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် မလိခ မြစ်အောက်ဖက် ဧရာဝတီမြစ်ဆုံ မြစ်ကမ်းစပ်အနီးမှာရှိတဲ့ ဈေးဆိုင် ၃၇ ဆိုင် ရေနစ်မြုပ်ခဲ့ပါတယ်။

ဈေးဆိုင်တဲ ၁၀ လုံးလောက်က ရေနဲ့မျောပါသွားပြီး  ကျန်တဲ့ဈေးဆိုင်တွေက ရေနစ်မြုပ်ပျက်စီးသွားတယ် လို့ မြစ်ကမ်းစပ်မှာ စားသောက်ဆိုင်ဖွင့်လှစ်ထားတဲ့ ဒေါ်ဂျာအောင်က ပြောပါတယ်။

"သောကြာနေ့ မနက်က ရေတက်လာတာ စနေနေ့ညနေပိုင်း ၄၊ ၅ နာရီဆိုရင် ဆိုင်ကအကုန်မြုပ်သွားပြီ၊ တနင်္ဂနွေနေ့ မနက် ၁ဝ နာရီလောက်ဆိုရင် အကုန်လုံးမျောသွားပြီပေါ့၊ အကုန်လုံးနီးပါးပျက်သွားတယ်၊ ဆိုင်က ပစ္စည်းတော့ အကုန်ပြန်ရတယ်၊ ဒါပေမဲ့ သက်ကယ်မိုးထားတဲ့ဆိုင်တွေ အားလုံးလိုလို မျောသွားတယ်၊ ၃၇ ဆိုင် မျောပါသွားတယ်လေ"

အဲ့ဒီဈေးဆိုင်ပိုင်ရှင်အများစုဟာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲရွာကနေ အောင်မြင်သာရွာ မှာ ပြောင်းရွှေ့နေရသူတွေဖြစ်ပါတယ်။

ဆိုင်ခန်းတစ်ခန်းကို ငွေကျပ် နှစ်သိန်းဝန်းကျင် အကုန်အကျခံဆောက်လုပ်ထားတာဖြစ်ပြီး  ဆိုင်တွေမှာရှိတဲ့ ပစ္စည်းတွေကိုတော့ အချိန်မီသယ်ယူနိုင်ခဲ့တယ်လို့ ဈေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ ဒီကနေ့ နဲနဲစတင်ကျဆင်းနေပြီလို့ ကချင် ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနရဲ့ ပြည်နယ်ဦးစီးမှူး ဦးတင်ထိုက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။