ရွှေညဝါ ဆရာတော် ဆွမ်းခံကြွ အလှူငွေ သိန်းချီရ

လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ သာဓုကျောင်းတိုက်က ထွက်ခွာမယ့် ရွှေညဝါ ဆရာတော် ဦးပညာသီဟဟာ ဒါယကာ ဒါယိကာမတွေကို နှုတ်ဆက်တဲ့အနေနဲ့ ဒီကနေ့ ကမာရွတ်မြို့နယ်အတွင်း ဆွမ်းခံကြွခဲ့ပါတယ်။

2012.02.15
shwe-nya-wah-fare-well-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ရွှေညဝါ ဆရာတော် ကမာရွတ်မြို့နယ်အတွင်း ဆွမ်းခံကြွနေစဉ်
RFA

သံဃာတော် အပါးခုနစ်ရာခန့်နဲ့ လူပုဂ္ဂိုလ် တစ်ထောင်ခန့်က ရွှေညဝါဆရာတော် ဆွမ်းခံကြွရာမှာ လိုက်ပါလာကြတယ်လို့ သိရပါတယ်။ ဆွမ်းခံကြွရာက ရရှိတဲ့ ဝတ္ထုပစ္စည်းတွေနဲ့ ဆွမ်းထမင်းဟင်းတွေကို လှိုင်သာယာ မီးဘေးဒုက္ခသည်တွေထံ ရွှေညဝါ ဆရာတော်ကိုယ်တိုင် ဒီကနေ့ပဲ ကြွရောက်ပြီး ဝေငှလှုဒါန်းခဲ့တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့က ရွှေညဝါ ဆရာတော်ကို မနှစ် ဖေဖော်ဝါရီလကစပြီး တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခဲ့ပါတယ်။ တရားဟောခွင့် ပိတ်ပင်ထားတဲ့ကာလ ပြည့်မြောက်သွားပြီ ဖြစ်ပေမယ့် နောက်ထပ်တစ်နှစ် တရားဟောပြောခွင့် ထပ်မံ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဆရာတော်နဲ့ ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-16 15:42

သိခ်င္လိုက္တာ။
ေ၇ွှည၀ါဆရာတော်သည် အမှန်တရားဘက်ဟုယူဆပါသည်။ သာဓုကျောင်းမှဘာကြောင့်ထွက်ခွါပါသလဲ။ By force?

Anonymous
2012-02-15 21:35

STATE SANGA MAHANAYAKA HAS BEEN ACTING THEMSELVES LIKE A RELIGION- POLICE IN BURMA...

Anonymous
2012-02-16 01:50

အသုံးအစားပြတ်လို့ နေမှာပေါ့