သူရဦးရွှေမန်း ဦးဆောင် တဲ့ ကော်မရှင်ကို ကန့်ကွက်မယ် ဆိုတာ မှန်မယ်မထင်

2016-03-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း ကို တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း ကို တွေ့ရစဉ်
Photo: Thura U Shwe Mann Facebook

သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ "ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်ရေး ကော်မရှင်"ကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်မယ်လို့ ထွက် ပေါ်နေတဲ့ သတင်းဟာ မှန်ကန်မယ်မထင်ဘူးလို့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

အဲဒီသတင်းထွက်ပေါ်နေတာကြားသိကြောင်းနဲ့ ကော်မရှင်ကိုကန့်ကွက်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် မှာ မေးခွန်းတွေ သို့မဟုတ် အဆိုတင်သွင်းရမှာဖြစ်တယ်လို့ အဲဒီကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က ပြော ပါတယ်။

"အဲ့လိုသတင်းထွက်တာတော့ရှိတယ်၊ ဒါပေမယ့်သူရဲ့လမ်းကြောင်းက ကျနော်တို့ ကော်မရှင်ရဲ့ ရပ်တည်မှု နဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့အဆင့်အတန်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာ၊ ကန့်ကွက်တာလုပ်မယ် ဆိုရင် ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ကဖွဲ့စည်းထားတဲ့ ကော်မရှင်ဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော် နာယကဆီကို တပ်မတော်သားကိုယ်စားလှယ်တွေကနေပြီးတော့ မေးခွန်းမေးမြန်းလိုသော် လည်းကောင်း၊ အဆိုတင်သွင်းဖို့သော်လည်းကောင်း လုပ်ရမယ့်ကိစ္စ၊ တစ်ကယ် ဟုတ်မဟုတ်တော့ မသိဘူး၊ သတင်းထွက်လာတာ ကျနော်လည်းကြားပါတယ်"

အဲဒီကော်မရှင်ဟာ လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို ခေတ်စနစ်နဲ့ ညီမညီ ဆိုတာတွေကို လေ့လာဆန်း စစ်ပြီး လွှတ်တော်ကို အကြံပြုရမယ့် အဖွဲ့ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က အဲဒီကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၃၅ ဦးပါဝင်ပါတယ်။ အဲဒီအထဲမှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးနဲ့ အငြိမ်းစား ဦးဆောင်ညွှန် ကြားရေးမှူးအဆင့်ရှိသူတွေ၊ အငြိမ်းစားသံအမတ်တွေ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်ကြပါတယ်။

သူရဦးရွှေမန်းဟာ ကော်မရှင်ဥက္ကဌအဖြစ် လစာငွေမယူဘဲ တာဝန်ထမ်းဆောင် သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ ပါတယ်။

ဒီ သတင်းနဲ့ ပတ်သက်ပြီး ကော်မရှင် ဒုတိယ ဥက္ကဌ ဦးကိုကိုနိုင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေး မြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (4)
Share

Sai Lin Kan

It's simply jealous toward Thura U Shwe Mann by unelected Military MPs and USDP.
Thura U Shwe Mann has sincerely declared about his intention for to serve his nation and peoples of Burma. Some of Military Generals and officers couldn’t change their greed and corrupt nature. They still think only Military has right to rule the country. So unelected Military puppet MPs have to follow order from their Boss Gen Min Aung Hlaing. Military and USDP will disturb and try to derail NLD Government’s policy and project. They don’t want to see real democracy in Burma.

Mar 21, 2016 11:37 AM

သက်​​အောင်

အမည်​မ​ဖော်​လိုသူ ​သေချာပြန်​​လေ့လာပါအုန်း ၂၀၀ဆို တာ သိတ်​များ​နေတယ်​ဥပ​ဒေနည်းဥပ​ဒေပြင်​တာဖြစ်​မှာပါ။ဖွဲ့ စည်း ပုံမဖြစ်​နိုင်​ပါဖူး၊ဖွဲ့ စည်းပုံက၂မျိုးရှိတယ်​Wirtten နဲ့Unwritten Constitution ပါ၊အ​မေရိကန်​က ပအမျိုးစား ဖြစ်​ပီး အင်္ဂလန်​က ဒုအမျိုးစားပါ၊ဒီ​နေရာမှာ တချို့ ဖွဲ့ စည်းပုံ က Regid အရမ်း ဖြစ်​လွန်းပီး ခဏခဏမပြင်​ပါဖူး၊တကယ်​လိုမှပြင်​တာပါတချို့ က Flexible အရမ်းဖြစ်​ပြီး ခဏခဏပြင်​တော့ ​​ဘေးထွက်​ဆိုးကျိုးရှိပါတယ်​၊သာဓက​တွေရှိပါတယ်​၊ဒါ​ကြောင့်​ မြန်​မာပြည်​အ​နေနဲ့ Constitution ကပြင်​ရမှာအားလုံးလက်​ခံပါတယ်​၊တခုရှိတာက တိုင်းရင်း သား၁၃၅မျိုးရှိတဲ့နိုင်​ငံမှာ ခဏ ခဏ ပြင်​လွန်းရင်​မ​ကောင်းပါ ဖူး၊ဒါ​ကြောင့်​ဘာကအဓိကပြင်​ရမှာ လဲ​သေချာ​ဆွေး​နွေးကြပီး US လို့ ​နောက်​ဆက်​တွဲပြင်​ဆင်​ချက်​ သို့  မဟုတ်​ ထပ်​ဖြည့်​ ပယ်​ဖျက်​တာတာလုပ်​ရမှာပါ။

Mar 21, 2016 05:57 AM

အမည်မဖော်လိုသူ

ခေတ်နဲ့ လျော်ညီအောင် ပြုပြင်ပြောင်းလဲ တယ် ဆိုတာ ကောင်းတဲ့  ကိစ္စပဲ။ နော်ဝေ ဘုရင် လာတုန်းက ဘာပြောသွားလဲ။ သူတို့ နိုင်ငံ မှာ ခြေ/ဥ ကို ပြင်တာ အကြိမ် ၂၀၀ ကျော်ပြီလို့ ပြောသွားတယ် မှုတ်လား။ အာဏာရှင် အကျိုး ကို ကာကွယ် ဘို့ မှန်သမျှ ပြည်သူ့ ဆန္ဒ တိုင်း ကို မျက်ကွယ်ပြုနေတယ်။ ဒါနဲ့ တောင် မျိုးချစ်တပ်မတော် အမည်ခံချင်သေးတယ်။ လုပ်တော့ အာဏာရှင်အကျိုး။

Mar 20, 2016 09:34 AM

လုံးဝ မဖြစ်​နိုင်​ပါဖူး

ဘယ်​သူက ရန်​တိုက်​​ပေးပီး ဖွပြန်​ပီလည်းမသိဖူး၊အားနေ ယား​နေကြတယ်​ထင်​တယ်​၊တိုင်းပြည်​မှာ အမျိုးသားရင်​ကြား​စေ့​ရေးလုပ်​​နေချိန်​မှာ မရှုတ်​ရှုတ်​​အောင်​ အချင်းချင်းစိတ်​၀မ်း ကွဲ​အောင်​သတင်းမှား​တွေ လွှင့်​​နေကြတယ်​။

Mar 20, 2016 08:17 AM

ဆိုက်တခုလုံးသို့