နိုင်ငံကျော်အဆိုတော် မာရဇ္ဇ ကွယ်လွန်

RFA Burmese
2025.01.24
နိုင်ငံကျော်အဆိုတော် မာရဇ္ဇ ကွယ်လွန် အဆိုတော် မာရဇ္ဇအား တွေ့ရစဉ်။
Facbook/ Myo Swe Than

မြန်မာပရိသတ်တွေကြား “အလွမ်းမိတ်ဆွေ” “ဆွဲအား” စတဲ့သီချင်းတွေနဲ့ လူသိများတဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ ဗဟိုစည်ဆေးရုံမှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ မိတ်ဆွေတွေက RFA ကို အတည်ပြုပြောပါတယ်။

အဆိုတော် မာရဇ္ဇ ကွယ်လွန်ခြင်းအတွက် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဂီတပညာရှင်၊ အဆိုတော်နဲ့ ပရိသတ်တွေက ဝမ်းနည်းကြေကွဲကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားကြပါတယ်။

အဆိုတော် မာရဇ္ဇရဲ သူငယ်ချင်းလည်းဖြစ်၊ တေးစီးရီး ကြော်ငြာဒီဇိုင်း ဖန်တီးသူ ဦးမျိုးဆွေသန်းကလည်း လုပ်ဖော်ကိုင်ဖက်အတွက် ဝမ်းနည်းကြေကွဲကြောင်း RFA ကို ပြောပါတယ်။

“ကျွန်တော်နဲ့ မတွေ့တာတော့ကြာနေပြီ။ ကျောက်ကပ်ဖြစ်နေတယ်ဆိုတာကို ကုဖို့ဟာကို သူပွဲလေးတစ်ပွဲပြီးရင် ဘန်ကောက်သွားမယ်ပြောပြီ မမီလိုက်တာ။ စိတ်သဘောထားကောင်းတဲ့ လူတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဆုံးသွားတော့ ကျွန်တော်တို့ စိတ်ထိခိုက်ရပါတယ်”

ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် မာရဇ္ဇရဲ့ ဈာပနကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရေဝေးသုသာန်မှာ လုပ်မယ်လို့ ဆိုပါတယ်။

အဆိုတော် မာရဇ္ဇဟာ ဂမ္ဘီရမိုးကြိုး၊ မိစ္ဆာအတွက် ကရုဏာ၊ မျှော်လင့်ခြင်း လမင်း၊ ရွှေရောင်ကောင်းကင် စတဲ့ တေးစုတွေနဲ့ လူသိများထင်ရှားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။