ဆင်မင်းဘိလပ်မြေစက်ရုံ အလုပ်သမား ၂၀၀ ကျော် ဆန္ဒပြ


2017.04.10
sinmin-workers-protest-620.jpg ဆင်မင်းဘိလပ်မြေစက်ရုံအလုပ်သမားတွေ ဧပြီလ ၁၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စက်မှုဇုန်နယ်မြေမှာ ဆန္ဒပြတောင်းဆိုစဉ်
Photo: Sis Min/ Facebook

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စက်မှုဇုန်နယ်မြေက ဆင်မင်း ဘိလပ်မြေစက်ရုံမှာ အလုပ် သမားတွေ တန်းတူအခွင့်အရေးမရဘဲ ခွဲခြားဆက်ခံနေရတယ်ဆိုပြီး စက်ရုံအလုပ်သမား ၂၀၀ ကျော် က ကျောက်ဆည်မြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ဆင်မင်းစက်ရုံနဲ့ ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းပြီးနောက်ပိုင်း ဦးပိုင်ကုမ္ပဏီအလုပ်သမား ၁၀၀ နီးပါးကို အမြဲတမ်းဝန်ထမ်းအဖြစ် မခန့်အပ်ဘဲ ခွဲခြားဆက်ဆံနေတဲ့အတွက် ဆန္ဒပြတာလို့ ဆန္ဒပြရာမှာပါဝင်တဲ့ စက်ရုံအလုပ်သမား ကိုညီညီအောင် က ပြောပါတယ်။

"ဒီဦးပိုင်က ခန့်ခဲ့တဲ့ နေ့စားဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ဖို့ ကျနော်တို့ တောင်းဆို တယ် ပေါ့နော်၊ သူတို့ SCI အနေ နဲ့ နောက်ခန့်တဲ့ ဝန်ထမ်းတွေကျတော့ အစမ်းခန့် ၃ လပြီးတာနဲ့ အမြဲတမ်းဝန်ထမ်း အဖြစ် ခန့်ပေးတယ်ပေါ့၊ ခွဲခြားဆက်ဆံတယ်ပေါ့နော်၊ လစာကျတော့ လည်း ပိုပေးထားတဲ့ အနေအထားတွေ ရှိတယ်ပေါ့၊ အဲ့ဝန်ထမ်းတွေကို ဝန်ထမ်းရဲ့ရပိုင်ခွင့်၊ ခံစားခွင့်တွေ အကုန်ပေးတယ်၊ ကျနော်တို့ ဦးပိုင်က ခန့်ထားတဲ့ နေ့စားဝန်ထမ်းတွေကျတော့ အလုပ်သမားတွေရရှိတဲ့ အခွင့်အရေးအားလုံး မရဘူးပေါ့။ "

မြန်မာစီးပွားရေးဦးပိုင်လီမိတက်နဲ့ Gold Cement ကုမ္ပဏီတို့ ၂၀၁၄ ခုနှစ်ကစတင်ကာ အကျိုးတူပူးပေါင်း လိုက်ပြီး နောက်ပိုင်း ဦးပိုင်ကုမ္ပဏီဘက် က နေ့စားဝန်ထမ်း ၉၉ ယောက်ကို အမြဲတမ်းဝန်ထမ်းအဖြစ် မခန့်အပ်ဘဲ နေ့စားဝန်ထမ်းတွေအဖြစ်သာ ဆက်လက်ခန့်အပ်ထားတာကို မကျေနပ်ကြတာဖြစ်ပါတယ်။

အဲဒီစက်ရုံမှာ ဦးပိုင်ဘက်က အလုပ်သမား ၇၀၀ ကျော်နဲ့ Sin Min Cement Industrial (SCI) က ခန့်အပ်ထားတဲ့ ဝန်ထမ်း ၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်စဉ်အပိုဆုကြေးငွေကို အခြေခံလစာ ၁ လစာပေးဖို့နဲ့ လစဉ် ရှားပါးစရိတ် ထောက်ပံ့ပေးဖို့လည်း ဆန္ဒပြအလုပ်သမားတွေက တောင်းဆိုကြပါတယ်။

အခုလက်ရှိမှာ ရာထူးအလိုက် ရရှိတဲ့လစာ တစ်လစာရဲ့ ၆၀ % ကိုသာ အပိုဆုကြေးအဖြစ် ရရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။