သံဖြူဇရပ်မှာ ကျူးကျော်တွေ ဖယ်ရှားမည်

2016-05-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မွန်ပြည်နယ် သံဖြူဇရပ်မြို့ပေါ် လမ်းမကြီး ၃ ခုမှာရှိတဲ့ ကျူးကျော်ဈေးဆိုင်နဲ့ နေအိမ် စုစုပေါင်း ၆၀ကျော်ကို ၁၀ ရက်အတွင်း ဖယ်ပေးဖို့ မြို့နယ်စည်ပင်သာ ယာရေးကော်မတီက ညွှန်ကြားထားပါတယ်။

မနေ့က ဈေးဆိုင်ပိုင်ရှင်တွေ၊ နေအိမ်ပိုင်ရှင်တွေနဲ့ တွေ့ဆုံပြီး ၁၀ ရက်အတွင်း ဖယ်ရှားပေးဖို့ညှိနှိုင်းတာ ပြေလည် မှုရခဲ့တယ်လို့ သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ  ဦးမင်းလတ်က ပြောပါတယ်။

"လမ်းကျူး၊ ပလက်ဖောင်းကျူးဖြစ်နေတဲ့ အိမ်ဆိုင်တွေအားလုံးကို ကျနော်တို့ဆွေးနွေးလိုက်တာပေါ့၊ သူတို့က လိုလိုလားလားပဲ၊ တချို့ဆိုရင် တန်ဖိုးကုန်ကျစရိတ် များများနဲ့ လုပ်ထားတာတွေရှိတယ်၊ ဒါပေမယ့် သူတို့လုပ်ပေးပါ့မယ်၊ ရှင်းအောင်သာလုပ်ပါ၊ အောင်မြင်အောင်သာလုပ်ပါပေါ့၊ လိုလိုလားလားနဲ့ တုန့်ပြန်ကြတယ်"

သံဖြူဇရပ်မြို့လယ်အဝိုင်းကနေ မော်လမြိုင်နဲ့ ရေးမြို့ကို သွားရာလမ်းနဲ့ ကျိုက်က္ခမီမြို့ဖက်ကို သွားရာလမ်းဘေးက ကျူးကျော်ဈေးဆိုင်တွေနဲ့ နေအိမ် ၆၀ ကျော်ဟာ စည်ပင်နယ်နိမိတ်ပေါ်ကို ကျော်ပြီး ဆောက်လုပ်ထားတာဖြစ် ပါတယ်။

အဲဒီလိုကျူးကျော်ပြီး ဆောက်လုပ်ထားတာကြောင့် လမ်းသွားလမ်းလာတွေ၊ ယာဉ်တွေ ဆိုင်ကယ်တွေသွားလာဖို့ အခက်အခဲကြုံတွေ့နေရသလို ရေစီးရေလာ မကောင်းတာတွေကြောင့် ဖယ်ပေးဖို့ ညွန်ကြားတာဖြစ်ပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့က မြို့နယ် ၁၀ ခုစလုံးမှာ ရေမြောင်းကိုကျော်ပြီး ဆောက်လုပ်ထားတဲ့ နေအိမ်တွေနဲ့ ဆိုင်ခန်းတွေကို ဖယ်ရှားနိုင်ရေးအတွက် စီမံချက်တွေ ရေးဆွဲဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့