ညှိနှိုင်းမှုပြေလည်ရင် NCA လက်မှတ်ထိုးမယ်လို့ SSPP ပြော

NCA ပါ အချက်တွေအားလုံး ညှိနှိုင်းမှုတွေ ပြေလည်သွားပြီဆိုရင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ SSPP အဖွဲ့က ပြောကြားလိုက်ပါတယ်။

SSPP/SSA တပ်ဖွဲ့ဝင်များကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က ကျင်းပတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် ၅၄ နှစ်ပြည့်အခမ်းအနားမှာ တွေ့ရစဉ် Photo: Kan Thar/ RFA

NCA ပါ အချက်တွေအားလုံး ညှိနှိုင်းမှုတွေ ပြေလည်သွားပြီဆိုရင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ SSPP အဖွဲ့က ပြောကြားလိုက်ပါတယ်။

NCA စာချုပ်ထဲမှာ မပြေလည်သေးတဲ့ အချက် ၃ ချက်လောက် ကျန်နေသေးတာကြောင့် NCA မှာ လက်မှတ်မထိုးနိုင်သေးတာလို့ SSPP ဥက္ကဋ္ဌ ရုံးတာဝန်ခံ ဗိုလ်မှူး သန်းအောင်က ပြောပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့ ပူးပေါင်းထားတဲ့ FPNCC ထဲမှာပါဝင်တဲ့ SSPP အဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်လက်ဆွေးနွေးဖို့ရာမှာ FPNCC ရဲ့ မူနဲ့အညီ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အခု ဇန်နဝါရီလထဲမှာပဲ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ SSPP အဖွဲ့တို့ တွေ့ဆုံဖို့စီစဉ်ထားပေမယ့် အလွတ်သဘောအနေနဲ့သာ တွေ့ဆုံမှာဖြစ်တယ်လို့ ဗိုလ်မှူး သန်းအောင်က ပြောပါတယ်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီရက်ပိုင်းအတွင်း KNU၊ RCSS၊ KNPP အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org