NCA မှာလက်မှတ်ထိုးဖို့ KIA ကို တောင်းဆို

2016-10-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 NCA မှာ လက်မှတ်ရေးထိုးဖို့  မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၃၁ ရက်နေ့က  ဒေသခံတွေ ဆန္ဒပြတောင်းဆိုကြစဉ်
NCA မှာ လက်မှတ်ရေးထိုးဖို့ မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၃၁ ရက်နေ့က ဒေသခံတွေ ဆန္ဒပြတောင်းဆိုကြစဉ်
Photo: Kyaw Myo Min/ RFA

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးပြီး နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ KIA ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဒေသခံတိုင်းရင်းသား ၈ ထောင်ကျော် ဆန္ဒပြတောင်းဆိုကြပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းထွန်းရင် က ပြောပါတယ်။

"တကယ်လို့ KIA က NCA လက်မှတ်ရေးထိုးလို့ရှိရင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ဖြေရှင်းတဲ့နေရာမှာ လွယ်ကူမလား၊ လွယ်ကူမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေအတွက် အကျိုးခံစားခွင့်ရှိမယ်လို့ ထင်ပါတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မှာ အချိန်မဆွဲဘဲ လက်မှတ်ရေးထိုးကြဖို့ တိုက်တွန်းထား ပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ အားကစားကွင်းကနေ ရပ်ကွက်တချို့ကို ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အဲဒီဆန္ဒပြပွဲကို ဒေသခံ ရှမ်းနဲ့ လီဆူ၊ လာချိတ် ၊ ရဝမ် စတဲ့ ကချင်တိုင်းရင်းသား မျိုးနွယ်စုတွေ ပါဝင်ခဲ့ကြပါတယ်။

ကွန်မင့်များ (2)
Share

ကိုမင်းမင်း

နေရပ်- မကွေးမြို့

KIAအနေနဲ့ ကိုယ်ကျိုးစီးပွားတွေ အပေါ်မှာ အကာအကွယ်ယူသာယာနိုင်ပြီး အာဏာကို အတင်းဆုပ်ကိုင်ထားတာမျိုးမဟုတ်ဘဲ အစိုးရသစ်နဲ့ အတူအပြည့်အ၀ပူးပေါင်းဆောင်ရွက်နိုင်မှသာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရှေ့ခရီး ချောမွေ့နိုင်မှာပါ။ မိအေးအော်တာလူကြားတယ်။ ဂဏန်းညှပ်တာ လူမမြင်ပါဘူး။ မြန်မာ့တပ်မတော်က အပစ်ရပ်ထားလို့ အခွင့်အရေးရရင်ရသလို အင်အားတိုးချဲ့တာ၊ တပ်သားသစ်အတင်းအဓမ္မစုဆောင်းတာကျတော့ ဘယ်သတင်းဌာနကမှ အရေးတယူထောက်ပြတာမျိုး မရှိပါဘူး။

Dec 06, 2016 12:00 PM

အမည်မဖော်လိုသူ

နေရပ်- Thailand

NCA လက်မှတ်ရေးထိုးခြင်းသည် တိုင်းရင်းသားတပ်မတော်အတွက် အရေးကြီးပါ သည်။
သို့ သော် NCA လက်မှတ်ရေးထိုးရေးအတွက် ဗမာ့တပ်မတော် ကတာ ထိုးစစ်ဆင်နေခြင်းဖြစ်သည့်အတွက် ငြိမ်းချမ်းရေးသည်လည်း အဓိပ္ပါယ် (သို့ မဟုတ်) အနှစ်သာရရှိသော ငြိမ်းချမ်းရေးဖြစ်လာနိုင်ဖို့ ရန် အလွန်ပင် ခက်ခဲမည့်အခြေအနေဖြစ်နေသည်။ ထို့ ကြောင့်အချို့ သောပညာရှင်များသည် NCA ကို No Cease-fire Agreement NCA ဟုလည်းခေါ်ဝေါ်လာကြသည်။

Nov 01, 2016 09:44 PM

ဆိုက်တခုလုံးသို့