တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ်က ကျောင်းသားတွေ ပြန်လည် စတင်ဆန္ဒပြ

မန္တလေးမြို့ကနေ စစ်ကိုင်း ရွာသစ်ကြီးကို ပြောင်းရွှေ့ခံရတဲ့ အတွက် မကျေနပ်လို့ ဆန္ဒပြနေကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး)က ကျောင်းသားတွေဟာ မနေ့ နေ့လည်ပိုင်းက ပြန်လည် စတင် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

2012.11.26
student_protest_305.jpg စစ်ကိုင်းကနေ မန္တလေးကို လာရောက်ဆန္ဒပြနေသော တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ်က ကျောင်းသားများကို တွေ့ရစဉ်
Photo: RFA/San Oo

သူတို့ လိုလားချက်တွေကို နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကြီး သိန်းဌေးက တစ်လအတွင်း ဖြေရှင်း ပေးပါမယ်ဆိုတဲ့ ကတိပေးထားပေမယ့် လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေက ပေးထားတဲ့ ကတိနဲ့ ဆန့်ကျင်နေတဲ့အတွက် ပြန်လည်ဆန္ဒပြရတာဖြစ်ကြောင်း ဦးဆောင်သူ ကျောင်းသားတစ်ဦးက RFA ကို ပြောပါတယ်။

ပြောင်းရွှေ့ခံရတဲ့ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၂ရက်နေ့ ညနေပိုင်းက စစ်ကိုင်း ရွာသစ်ကြီး ပြည်ထောင်စု တိုင်းရင်းသားများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကနေ မန္တလေး၊ အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာမှာရှိတဲ့ ဒီဂရီ ကောလိပ် နေရာကို ခြေလျင် ချီတက်ပြောင်းရွှေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကောလိပ်ဟာ မူလက နယ်စပ်ရေးရာ ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိခဲ့ပြီး၊ အခုအခါ ပညာရေးဝန်ကြီးဌာနလက်အောက်ကို လွှဲပြောင်း ထား တယ်လို့သိရပါတယ်။ ဆန္ဒပြကျောင်းသားတွေကတော့ မန္တလေးက ဒီဂရီကောလိပ်မှာ တက်ရောက်သင်ကြားခွင့် ရရှိတဲ့အထိ ဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။