လက်ပံတန်းဖြိုခွင်းမှုအပြီး ဖမ်းဆီးခံထားရသူ ၆၉ ဦးကို ရုံးထုတ်

လက်ပံတန်းမြို့ ကျောင်းသားသပိတ် စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရ ပြီးနောက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရသူ ၆၉ ယောက်ကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ ပါတယ်။

သပိတ်မှောက်ကျောင်းသူ ဗကသအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ မအိသဉ္ဇာမောင် တို့ကို ဧပြီလ ၇ ရက်နေ့က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: Kyaw Zaw Win/RFA

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူ ၆၉ ယောက်ကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ အမှုစစ်ဆေးတာမရှိဘဲ သာယာဝတီ တရားရုံးကို ပြောင်းရွှေ့ဖို့အတွက် အစိုးရဘက်က တင်ပြပြီး နောက်ထပ်ရုံးချိန်း သတ်မှတ်ပေးလိုက်တယ် လို့ အဖမ်းခံထားရသူတွေဘက်က အမှုကိုလိုက်ပါကူညီ မယ့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

"ဒီနေ့ ဒုတိယအကြိမ်မြောက် ရုံးတက်တဲ့နေ့မှာ သူတို့ရုံးပြောင်းဖို့ တရားလိုဘက်က လျှောက်ထားတဲ့ အတွက် အမှုတွဲက ခရိုင်ရုံးကိုရောက်သွားတယ်၊ အဲ့ဒါကြောင့် ဒီနေ့ဘာမှမဆောင်ရွက်နိုင်ဘူး၊ ဒီနေ့ ရုံးချိန်းတာပဲရှိတယ်၊ မူရင်းအမှုတွဲက ခရိုင်ကိုပို့လိုက်တဲ့ အတွက် ခရိုင်မှာပဲရှိတယ်၊ ဒီမှာကဘာမှမရှိတော့ ဘာမှလုပ်လို့မရဘူး"

သာယာဝတီအကျဉ်းထောင်မှာ အဖမ်းခံထားရသူတွေကို ပြန်လည်လွှတ်ပေးဖို့အတွက် လက်ပံတန်းမြို့နယ် တရားရုံးရှေ့မှာ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူ ၁၀၀ လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ လက်ရှိ ဖမ်းဆီးခံထားရသူ ၆၉ ယောက်ရှိပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု စတဲ့ ပုဒ်မ ၅ ခုနဲ့ တရားစွဲခံထားရပြီး ဒီလ ၉ ရက်နေ့မှာ ထပ်မံရုံးထုတ်မှာ ဖြစ်ပါ တယ်။

ဒီအကြောင်း RFA သတင်းထောက် မဇာဏီထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ကျောင်းသားတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ မိသားစုဝင်တွေရဲ့ပြောဆိုချက်တွေကို RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org