ကျောင်းသားတွေအတွက် အမှုလိုက်ခွင့် ပယ်ချခံရ

2015-03-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကို တွေ့ရစဉ်
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကို တွေ့ရစဉ်
Photo:Kyaw Zaw Win/RFA

ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသား ၆ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးဖို့ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ခွင့်ပြုချက်လျှောက်ထားတာကို ပယ်ချလိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းက အမှုစစ်ဆေးနေတဲ့ ကာလဖြစ်တာကြောင့် ခွင့်မပြုတာဖြစ်ကြောင်းပြောပြီး ပယ်ချလိုက်တာဖြစ်တယ်လို့ ရှေ့နေကိုယ်စားလှယ် အဖြစ် သွားရောက်လျှောက်ထားခဲ့တဲ့ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

"အမှုညွှန်ကြားချက်ကိုလည်းတောင်းမယ်၊ ရှေ့နေ ကိုယ်စားလှယ်တွေ လွှဲစာလည်းယူမယ်ဆိုပြီးတော့ သာယာဝတီထောင်မှာ လျှောက်လွှာသွားတင်ပါတယ်၊ လျှောက်တော့ နယ်လုံဝန်ကြီးက အမှုစစ်ဆေးနေ ဆဲကာလဖြစ်နေလို့ပါတဲ့ ခွင့်မပြုဘူးလို့ ပြန်ကြားပါတယ်၊ ပြန်ပေးပြီးပြီဆိုရင်လည်းသူတို့ရဲ့ ဥပဒေကြောင်းဆိုင်ရာ ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဆက်လက်ဆောင်ရွက်ဖို့အတွက် ရှေ့နေရှေ့ရပ်နဲ့ လုပ်ခွင့်ရှိတယ်၊ မပေးတာတော့ ဥပဒေနဲ့မညီဘူးလေ၊ ရုံးတင်တဲ့နေ့ကျတော့ ကျနော်တို့ဆက်လက် ပြီးတော့ ကြိုးစားမှာပါ"

ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုအောင်မှိုင်းဆန်း၊ ကိုချမ်းသာ၊ ကိုရဲဝင်းအောင်နဲ့ ကိုသာဒွန်းဇော် စုစုပေါင်း ၆ ယောက်အတွက် ရှေ့နေကိုယ်စားလှယ်လျှောက်ထားတာဖြစ်ပါတယ်။

အဲ့ဒီကျောင်းသား ကျောင်းသူတွေကို ဒီလ ၂၅ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။

သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ကျောင်းသား ကျောင်းသူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင် စီတန်းလှည့်လည်မှု၊ ပြည်သူ့ဝန်ထမ်းတွေကို နာကျင်စေမှု စတဲ့ ပုဒ်မ ၆ ခုနဲ့ လက်ပံတန်းမြို့နယ် ရဲတပ်ဖဲ့ွမှူး ဦးဖုန်းမြင့်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတာဖြစ်ပါတယ်။

ကွန်မင့်များ (3)
Share

Nyein Chan

နေရပ်- Myanmar

ဒါဆို ဥပဒေ အထက်မှာ ပြည်ထဲရေး ဝန်ကြီး ရှိနေတာပေါ့။ ဘယ်မှာလဲ တရားဥပဒေ စိုးမိုးရေး။ အာဏာရှင် လက်ဟောင်း တွေ အာဏာရနေသမျှ ဘယ်တော့ မှ တရားဥပဒေ စိုးမိုးမှာ မဟုတ်ဘူး။

Mar 14, 2015 08:22 PM

အမည်မဖော်လိုသူ

ဒို့တာဝန်အရေး(၃)ပါးတွင်(10-3-15)ရက်နေ့မှစ၍တစ်ခုထပ်တိုးကာ(၄)ပါးဖြစ်သွားခြင်း(၄)အကြမ်ဖက်ဖြိုခွင်းရေး

Mar 14, 2015 07:01 PM

Ba Hman

နေရပ်- Myanmar

တရားရေး ကိစ္စ ကို နယ်လုံဝန်ကြီး က ဆုံဖြတ်တယ်ဆိုတော့ တရားဥပဒေ အထက်မှာ မည်သူမျှ မရှိရ ဆိုတဲ့ အနှစ်သာရ ကို ဆန့်ကျင်နေတယ်။ အာဏာရှင် ဒီမိုကရေစီ။

Mar 13, 2015 07:40 PM

အမှန်မြင်

နရေပျ- အမြင်မှန်

ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူးဗျာ။ “ဥပဒေ”က နယ်လုံဝန်ကြီး လက်ထဲမှာ ရှိနေတာပါ။

Mar 14, 2015 10:17 PM

ဆိုက်တခုလုံးသို့