လွတ်မြောက်လာ တဲ့ ကျောင်းသူ ကျောင်းသားတွေ က ကျေးဇူးတင်ကြောင်းပြော

2016-04-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
(ဗကသ)ကျောင်းသူ မဖြိုးဖြိုးအောင်နဲ့ (တကသ)ကျောင်းသား ကိုဇေယျာလွင်တို့ကို ဧပြီလ ၁ဝ ရက်နေ့က RFA ရန်ကုန်ရုံး မှာ တွေ့ဆုံမေးမြန်းစဉ်
(ဗကသ)ကျောင်းသူ မဖြိုးဖြိုးအောင်နဲ့ (တကသ)ကျောင်းသား ကိုဇေယျာလွင်တို့ကို ဧပြီလ ၁ဝ ရက်နေ့က RFA ရန်ကုန်ရုံး မှာ တွေ့ဆုံမေးမြန်းစဉ်
Photo:Htet Akar/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ကြိုးပမ်းပေးမယ်လို့ ပထမအကြိမ် ကြေညာချက် ထုတ်ပြန်လိုက်စဉ်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ အရေးကို  ဦးစားပေးစဉ်းစားတဲ့အတွက် အဲ့ဒီအချိန်ကတည်းက ဝမ်းသာပြီး ကျေးဇူးတင်ခဲ့ကြောင်း ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်က ပြောပါတယ်။

RFA က ဒီကနေ့ မဖြိုးဖြိုးအောင်နဲ့ ကိုဇေယျာလွင်တို့ကို တွေ့ဆုံမေးမြန်းရာမှာ သူတို့အပေါ် ဝေဖန်မှုတွေ ပြင်းထန် လာတာနဲ့ ပတ်သက်ပြီး မဖြိုးဖြိုးအောင် က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကျမတို့ လွတ်မြောက်ရေးနဲ့ ပတ်သက်တဲ့ ဒီ ၇ ရက်နေ့က ကြေညာချက်ပေါ့နော်၊ ဒေါ်အောင်ဆန်း စုကြည် နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ပထမဦးဆုံး ကြေညာချက်ထုတ်တယ်၊ ကျမတို့ တော်တော်များများက အဲ့တုန်းကတည်းက ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တော်တော်ကို ဝမ်းသာကြတယ်၊ ကျေးဇူးတင်ကြတယ် ဆိုတာမျိုး ပြောခဲ့တယ်တလျှောက်လုံးပေါ့၊ ကျမတို့ လွတ်ခြင်း မလွတ်ခြင်း အပေါ်မှာထက် ဒီလိုမျိုး စပြီးတော့ ကျမတို့ကို လွှတ်ပေးဖို့ စကြိုးစားနေပြီဆိုရင် အကုန်လုံးကဒါကို ကျနော်တို့ ကျမတို့တွေကို အမြဲတမ်းခေါင်းထဲမှာ ရှိတယ်၊ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ခေါင်းထဲမှာရှိတယ်ဆိုတဲ့ စိတ်နဲ့ကို တော်တော်ကို ဝမ်းသာကြပါတယ်၊ လွှတ်တာ မလွှတ်တာနောက်မှပါ"

အကျဉ်းထောင်တွေက လွတ်မြောက်လာပြီး သပိတ်မလှန်သေးဘူးလို့ ပြောဆိုတဲ့ ကိစ္စဟာလည်း အစိုးရကို ဆန္ဒပြမယ် သပိတ်မှောက်မယ်လို့ ပြောဆိုတာ မဟုတ်ကြောင်း၊ အရင်အစိုးရလက်ထက် ကတည်းက သူတို့ တောင်းဆိုထားတဲ့ ဒီမိုကရေစီပညာရေးအတွက် ရည်မှန်းချက်တွေ မပြည့်သေးဘူးဆိုတာကိုသာ ရည်ညွှန်းတာဖြစ်ကြောင်းလည်း ပြောပါတယ်။

မနေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည် ကို ကျေးဇူးတင်ရှိကြောင်းနဲ့ ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ အမျိုးသားပညာရေး ဥပဒေထွက်ပေါ်လာဖို့ အစိုးရသစ်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မဖြိုးဖြိုးအောင်နဲ့ ကိုဇေယျာလွင်တို့ကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင်က ရန်ကုန်ရုံးမှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (4)
Share

ပညာရေးက ဘယ်နှစ်မျိုးရှိတာလဲ

နေရပ်- စဉ်းစားလို့ မရပါ

ဒီမိုကရေစီပညာရေးလိုတကျီကျီအော်နေတော့ဆိုရှယ်လစ်ပညာရေး
ကွန်မြူနစ်ပညာရေးနဲ့ 
အခြားကိုယ်မသိတဲ့
Blar Blar Blar ပညာရေးတွေရှိနေလို့  လား
သူတို့ တွေပဲသိတ်တော်နေလို့ လား
ကိုယ်ပဲအရမ်းညံ့ပီးဗဟုသုတနဲနေလို့ လား

လက်ပေါ်နဖူးတင်ပီးစဉ်းစားကြည့်တာညဏ်
မမှီတော့စဉ်းစားမရဖူးဖြစ်နေတယ်

Apr 14, 2016 02:38 AM

ကျမနားလည်တဲ့ဒီမိုကရေစီပညာရေးဆိုသည်မှာ

ဒီမိုကရေစီစံနစ် လွတ်လပ်တဲ့ဈေးကွက်စီးပွား ရေးစံနစ်ကျင့်သုံးနေချိန်မှာအားလုံးတန်းတူ ညီမျှရေးဆိုတာမရှိတော့ဖူးအလုပ်လုပ်တဲ့သူ ပိုတော်တဲ့သူ ပိုကျွမ်း ကျင်သူက ပိုပီးခံစား ရမယ် ပညာရေး လည်း ဒီအတိုင်းပဲ ပိုက်ဆံ ချမ်းသာ တဲ့သူရဲ့ သားသမီး ကကျောင်း ကောင်း၂ကို ပြည်တွင်း/ပ တက်နိုင်မယ်။လွတ်လပ်စွာရွေးချယ်ပီးတက်ခွင့်ရသည့်တိုင် ဝင်ခွင့်စာမေးပွဲ ဆိုတာအမှတ်ကိုကြည့်ပီး လက်ခံတာ။ဒါက စင်္ကာပူ အမေရိကန် ဗြိတိန်စသည်ဖြင့် ဘယ်ဒီမိုကရေစီနိုင်ငံ သွား၂အတူတူပဲ။ကိုယ်စာမကျက်ပဲ စာမကြိုးစားပဲနဲ့  အရည်ချင်းမမှီပဲ ဘယ်ကျောင်းမှအအောင်မပေးဖူး
ဘယ်ကျောင်းမှလက်မခံဖူး
ဒီမိုကရေစီစံနစ်မှာ ဘာမှအလကားမရဖူး
ဒီမိုကရေစီပညာရေးလည်းအလားတူပဲ
ဘာလို့ လည်းဆိုရင် ဘာအမှတ်မှမကြည့်ပဲ
ဘာအရည်အချင်းမှမစစ်ဆေးပဲငါ တက်ခြင် ရာတက်မယ်ဆိုပီး ဆရာဝန် အင်ဂျီနီယာ
ဥပဒေစသည်တို့ ကို ဝင်ခွင့်လျှောက်တိုင်း ဘယ်ကျောင်းမှလက်မခံပါ။

Apr 13, 2016 10:05 PM

သဘောပေါက်ကြပါ

သပိတ်မလှန်ပဲနေနေ လမ်းပေါ်ထွက်ပီးပဲပြပြ
စကားလုံးအကြီးတွေပြောပီးကိုယ့်ကိုကိုယ်အရမ်းအထင်မကြီးကြပါနဲ့ 
ပြည်သူတွေက ပူညံ့ပူညံ့တွေကိုမကြားခြင်
တော့ဖူး အထူးသဖြင့် အခုလိုပြည်သူတွေအပြောင်းလဲကိုအရမ်းမျှော်လင့်လိုခြင်ပီး အမေစုကတိုင်းပြည်တည်ဆောက်ရေး အစပျိုးလုပ်နေတဲ့အချိန်မှာ
အရိပ်သုံးပါးနားမလည်ပဲကျယ်လောင်
ကျယ်လောင်ပြည်သူတွေမျက်စိနောက်
အောင်ဆက်လုပ်နေရင်
နောက်ဆုံးဖွတ်မရဓါးမဆုံးတဲ့အပြင်
ပြည်သူ့ ချဉ်ဖတ်တွေဖြစ်သွားလိမ့်မယ်
နိုင်ငံရေးဆိုတာနေ့ ချင်းပြောင်းတတ်တယ်

Apr 11, 2016 06:55 AM

ကျေးဇူးတင်ရင်ငြိမ်ငြိမ်နေပါ

ကျေးဇူးတင်တယ်ဆိုရင်ငြိမ်ငြိမ်နေကြပါ
တိုင်းပြည်မှာ အရေးတကြီးလုပ်ရမဲ့ အလုပ်တွေအများကြီးရှိသေးတယ်
ပညာရေးမြှင့်တင်မြင်တက်တာ တိုင်းပြည်စီးပွားရေးကောင်းလာပီး ချမ်းသာလာရင်ရေမြင့်တာနဲ့ 
အတူကြာကလိုက်တင့်လာတယ်
ဆင်းရဲနေရင်ဘာမှလုပ်လို့ မရဖူး
ငွေ(ဘတ်ဂျက်)ဆိုတာချမ်းသာမှများများ
သုံးနိုင်တာ ဆင်းရဲတဲ့အိမ်ကကလေးနဲ့ ချမ်းသာတဲ့အိမ်ကကလေးကို
ဥပမာမြင်ကြည့်ပါ
အရင်ကအစိုးရကိုပြည်သူကအားမရလို့ ပြည်သူအချို့  ကဝန်းရံတာ
အခုကအစိုးရကိုပြည်သူကရွေးထားလို့ 
ဆူညံ့ဆူညံ့လုပ်သမျှကို အစိုးရဘက်က
ကာကွယ်မှာ

Apr 10, 2016 08:36 PM

ဆိုက်တခုလုံးသို့