အကြမ်းဖက်နှိမ်နင်းမှာ ကို ကျောင်းသားတွေ စိုးရိမ်


2015-02-06
Share
students-march-yaynanchaung-305.jpg အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်း သားတွေ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ချီတက်လာစဉ်
Photo: Hset Paing Toe/RFA

ကျောင်းသားတွေရဲ့ သပိတ်မှောက်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ သမ္မတရုံးက မနေ့ကရက်စွဲ နဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းသားတွေရဲ့ ပညာရေးဆိုင်ရာဆန္ဒတွေကို အစိုးရအဖွဲ့က လွှတ်တော်ကိုတင်ပြပြီး၊ ဆောင်ရွက်ပေး နိုင်တာကို ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း၊ ပညာရေးကိစ္စကိုအကြောင်းပြပြီး ဆူပူအောင် ကျောင်းသား အမည်ခံတွေ၊ နောက်ကွယ် ကကြိုးကိုင်နေသူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ က ကျောင်းသားတွေကို အသုံးချနေတဲ့အကြောင်းနဲ့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရဟန်းရှင်လူပြည်သူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမျိုးစုခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက အစိုးရနဲ့ပူးပေါင်းစေလိုတဲ့အကြောင်း ဖေါ်ပြထားပါတယ်။

အခုလိုရေးသားထားချက်အရ အကြမ်းဖက်နှိမ်နင်းခံ ရမယ့်အရေးကို စိုးရိမ်မိတယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုနန္ဒာစစ်အောင် ကပြောပါတယ်။

ဒါ့အပြင် အစိုးရရဲ့ကြေညာချက်ကြောင့် ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်စေနိုင်တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူကလဲ ပြောပါတယ်။

"ကျနော်တို့ကို ဆူပူမှုလုပ်နေတဲ့လူတွေလို့ မြင်တာပေါ့၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သွားနေတဲ့အချိန်မှာ အဲ့လို ကြေညာချက်ထုတ်တာ  မကောင်းဘူးပေါ့နော်"

ဒီမိုကရေစီပညာရေးနဲ့ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပြန်ကျင်းပနိုင်ဖို့အတွက် သပိတ်ကိုလှန်မှာမဟုတ် သလို၊ ဖြစ်လာသမျှကိုရင်ဆိုင်ဖို့လည်း အသင့်ပြင်ထားကြတယ်လို့ ကျောင်းသားတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့