ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေး တောင်ကြီးမှာ စတုဒီသာကျွေးမွေးဆုတောင်း

2015-04-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဖမ်းဆီးခံထားရတဲ့ လယ်သမား၊ အလုပ်သမားနဲ့ ကျောင်း သားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဧပြီလ ၁၄ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့ အောင်မြေဘုံစံကျောင်းတိုက် မှာ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ စတုဒီသာကျွေးမွေး စဉ်
ဖမ်းဆီးခံထားရတဲ့ လယ်သမား၊ အလုပ်သမားနဲ့ ကျောင်း သားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဧပြီလ ၁၄ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့ အောင်မြေဘုံစံကျောင်းတိုက် မှာ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ စတုဒီသာကျွေးမွေး စဉ်
Photo: Khun Yarzar/RFA

ရှမ်းပြည်နယ် တောင်ကြီးမြို့ အောင်မြေဘုံစံကျောင်း တိုက်မှာ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး ဖမ်းဆီးခံထားရတဲ့ လယ်သမား၊ အလုပ် သမားနဲ့ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အတွက် စတုဒီသာကျွေးမွေးပြီး ဆုတောင်းခဲ့ကြ ပါတယ်။

အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့ လယ်သမား၊ အလုပ်သမား နဲ့ ကျောင်းသားတွေ လွတ်မြောက်ဖို့အတွက်ရည်စူးပြီး လာမယ့်နှစ်ဆန်းတစ်ရက်နေ့အထိ ကုသိုလ်ဒါနပြု လုပ်ပေးမှာဖြစ်တယ်လို့ လူ့ဘောင်သစ်ပါတီ ဗဟိုကော်မတီဝင် ကိုနေမျိုးက ပြောပါတယ်။

"ကျနော်တို့ သင်္ကြန်လေးရက်စလုံးနဲ့ နှစ်ဆန်း တစ်ရက်နေ့အထိ မြန်မာ့ရိုးရာထုံးစံအရ စတုဒီသာ ဒါနတွေပြုကြမှာပါ၊ အကြောင်းရင်းကတော့ ဖမ်းဆီး ခံကျောင်းသား၊ ဝန်းရံပြည်သူ၊ အလုပ်သမား၊ လယ်သမားတွေအတွက် ကောင်းမှုကုသိုလ် အစုစုပြုပြီးတော့ သူတို့လွတ်မြောက်ရေးအတွက် ကျနော်တို့ ဆုတောင်းပေးကြမှာပါ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ပါတီ၊ ရှမ်းပြည်နယ်လူငယ်ကွန်ရက်နဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ကုသိုလ်ဒါနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆုတောင်းပွဲမှာ အကြမ်းဖက်မှု အလိုမရှိ စာသားပါတဲ့ ရင်ထိုးတွေကိုလည်း ဝေငှခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

သာဓုပါ

ရှစ်နေ့နံသား (၈ယောက်)က ဘုရားမှာ ကိုယ့်ထောင့်ကနေ “မောရသုတ်”ကို ရွတ်ပြီး အဖမ်းခံ ရှစ်နေ့နံသားတို့ အမြန်ဆုံးလွတ်မြောက်စေကြောင်း ဆုတောင်းပါ။
ငါး ၊ ငှက် ဘေးမဲ့လွှတ်ပြီး ဆုတောင်းပေးပါ။

Apr 14, 2015 03:29 PM

ဆိုက်တခုလုံးသို့