ဂျပန်အသံလွှင့်ဌာနနဲ့ MRTV တို့ အစီအစဉ်တွေ ဖလှယ်ကြဖို့ သဘောတူ

TBS ခေါ် ဂျပန် တိုကျိုအသံလွှင့်ဌာနနဲ့ မြန်မာ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားအသံလွှင့်ဌာန MRTV တို့ သတင်းနဲ့ အစီအစဉ်တွေချင်းဖလှယ်ပြီး ထုတ်လွှင့်ကြဖို့ သဘောတူထားကြပြီလို့ Nariety သတင်းက မနေ့ကဖေါ်ပြပါတယ်။

TBS ခေါ် ဂျပန် တိုကျိုအသံလွှင့်ဌာနနဲ့ မြန်မာ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားအသံလွှင့်ဌာန MRTV တို့ သတင်းနဲ့ အစီအစဉ်တွေချင်းဖလှယ်ပြီး ထုတ်လွှင့်ကြဖို့ သဘောတူထားကြပြီလို့ Nariety သတင်းက မနေ့ကဖေါ်ပြပါတယ်။

TBS ဟာ ဂျပန်နိုင်ငံမှာရှိတဲ့ အကြီးဆုံး စီးပွားရေးကွန်ရက်ကြီး ငါးခုထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သဘောတူညီချက်အရ ဂျပန်နဲ့ မြန်မာအသံလွှင့်ဌာနနှစ်ခုဟာ တစ်ခုနဲ့တစ်ခု သတင်းတွေ အပြန်အလှန် ပေးပို့ကြမှာဖြစ်ပါတယ်။ ဂျပန်ကပေးမယ့် တခြားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးပေမဲ့၊ ဂျပန်မှာ လက်ရှိထုတ်လွှင့်နေတဲ့ ကုမ္ပဏီတွေက ကမကထပြုတဲ့ ပြပွဲအစီအစဉ်တွေပါဝင်မယ်လို့ ဆိုပါတယ်။ ဒါ့ပြင် TBS နဲ့ MRTV တို့ဟာ ကြော်ငြာတွေကိုလည်း  ဖလှယ်ကြမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org