မြန်မာလုပ်သား အကျိုးဆောင်သူကို ထိုင်းတရားရုံး ထောင်ချ


2016.09.20
andyhall-620.jpg ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ MWRN အဖွဲ့ခေါင်းဆောင် Andy Hall (အင်္ကျီအပြာ) ကို စက်တင်ဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်
Photo: Andy Hall Facebook

ထိုင်းအစိုးရတရားရုံးတရုံးက ဘန်ကောက်မြို့အခြေစိုက်ပြီး ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ MWRN အဖွဲ့ခေါင်းဆောင် Andy Hall အင်န်ဒီ ဟောလ် ကို ထိုင်းနိုင်ငံရှိ သစ်သီးကုမ္ပဏီတခု က အလုပ်သမားတွေ အခွင့်အရေးနစ်နာမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ တခုကို ၂ဝ၁၃ ခုနှစ်က သတင်းပေးခဲ့ရာမှာ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ မနေ့က ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။

အခုလုိအပြစ်ပေးတဲ့အတွက် နိုင်ငံခြား အလုပ်သမားတွေကို ခေါင်းပုံဖြတ်နေတဲ့ တခြားကုမ္ပဏီတွေကလည်း အလားတူလိုက်ပါဆောင်ရွက်လာကြလိမ့်မယ်လို့ လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှတိုက် ညွန်ကြားရေးမှူး Brad Adams က ထိုင်းအစိုးရကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားအလုပ်သမား ၃ သန်းကျော်ရှိပြီး အများစုက မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ Andy Hall ဟာ မြန်မာအလုပ်သမားတွေ အကျိုးဆောင်မှုနဲ့ ထင်ရှားသူတဦးလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။