မြန်မာအလုပ်သမား ဇနီးမောင်နှံ ထိုင်းထီ ဘတ် ခြောက်သန်းဆုပေါက်

RFA Burmese
2024.09.03
မြန်မာအလုပ်သမား ဇနီးမောင်နှံ ထိုင်းထီ ဘတ် ခြောက်သန်းဆုပေါက် ထိုင်းထီ ဘတ် ခြောက်သန်းဆုပေါက်ခဲ့သူ ဇနီးမောင်နှံနှစ်ဦး (ယာအစွန်) အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
MHAC

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံ နှစ်ဦးဟာ စက်တင်ဘာလ ၁ ရက်နေ့ကဖွင့်တဲ့ ဘတ် ခြောက်သန်း ထိုင်းအစိုးရထီ ပေါက်ခဲ့ပါတယ်။

ကံထူးတဲ့ ဇနီးမောင်နှံနှစ်ဦးက မြန်မာအလုပ်သမားများ ကူညီပေးရေးမဟာမိတ်အဖွဲ့ (MHAC) ကို ဆုငွေထုတ်ယူဖို့ အကူအညီတောင်းလာတာကြောင့် ဆုငွေလက်ဝယ်ရရှိရေး ကူညီပေးခဲ့တယ်လို့ MHAC မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက RFA ကို ပြောပါတယ်။

ထီပေါက်သူတွေဟာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံကို အလုပ်လာလုပ်တာ ရှစ်နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။

ဒီဆုဟာ ထိုင်းနိုင်ငံအစိုးရထီမှာ အမြင့်ဆုံးဆုကြေးဖြစ်ပြီး ထီဆယ်စောင်ထိုးတဲ့အထဲက တစ်စောင်ကနေ ကံထူးတာဖြစ်ပါတယ်။ ထိုင်းအစိုးရကို အခွန်ငွေ ဘတ် ခြောက်သောင်း ပေးဆောင်ပြီး ဆုငွေအပြည့်ကို စက်တင်ဘာ ၂ ရက်နေ့မှာ ရရှိအောင် ကူညီပေးခဲ့တယ်လို့ ကိုရဲမင်းက ပြောပါတယ်။

ဒီကံထူးရှင် ဇနီးမောင်နှံ အပါအဝင် ထိုင်းနိုင်ငံမှာ ထီပေါက်တဲ့ မြန်မာအလုပ်သမား ၅၂ ဦးကို MHAC မဟာမိတ်အဖွဲ့ က ကူညီပြီး ဆုငွေထုတ်ပေးခဲ့ပြီးပြီလို့ ကိုရဲမင်း (AAC) က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။