ထိုင်းရောက် မြန်မာတွေ အလုပ်လုပ်ခွင့် ၂ နှစ် သက်တမ်းတိုးခွင့်ရ
နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာနဲ့ ရောက်လာပြီး အခု ၂၀၂၂ ခုနှစ်မှာ လေးနှစ်သက်တမ်းပြည့်သွားတဲ့ သူတိုင်း ၂ နှစ် သက်တမ်းတိုးခွင့်ရမယ်လို့ ဆိုပါတယ်။
- 2022-03-15
-
-
-
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ငါးသောင်းလေးထောင်ကျော်ကို အလုပ်လုပ်ခွင့် ၂ နှစ် ဆက်ထုတ်ပေးမယ်လို့ ထိုင်းအစိုးရရဲ့ အလုပ်သမားရေးရာဌာနက မေလ ၁၅ ရက်နေ့မှာ ကြေညာပါတယ်။
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနဲ့ ရောက်လာပြီး အခု ၂၀၂၂ ခုနှစ်မှာ လေးနှစ်သက်တမ်းပြည့်သွားတဲ့ သူတိုင်း ၂ နှစ် သက်တမ်းတိုးခွင့်ရမယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ဒဏ်ရယ်၊ အလုပ်သမားတွေ နေရပ်ပြန်ဖို့ ခက်ခဲနေကြတာကြောင့် သက်တမ်းတိုးပေးတာလို့ ဆိုပါတယ်။
မြန်မာတွေအပြင် လာအိုနိုင်ငံက အလုပ်သမား နှစ်သောင်းခွဲကျော်၊ ကမ္ဘောဒီးယားနိုင်ငံက နှစ်သောင်း ၇ ထောင်နီးပါးလည်း သက်တမ်းတိုးခွင့်ရကြမှာပါ။
ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ(MOU)နဲ့ အလုပ်လာလုပ်ကြတဲ့ထဲမှာ မြန်မာအများဆုံးဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် MOU စနစ်နဲ့ မဟုတ်ဘဲ ပွဲစားနဲ့ နယ်စပ်ဖြတ်ကျော် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့သူတွေ များနေပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ ခံနေရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကနေ ၁၀ ရက်ထိ ၁၀ ရက်အတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သမား ၆၇၇ ယောက်အဖမ်းခံရကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ရဲ့ စာရင်းတွေအရ သိရပါတယ်။