အွန်လိုင်းငွေလိမ်ဂိုဏ်းကို အင်တာနက်သွယ်ပေးနေသူတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

RFA Burmese
2024.09.02
အွန်လိုင်းငွေလိမ်ဂိုဏ်းကို အင်တာနက်သွယ်ပေးနေသူတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး ထိုင်းနယ်စပ်တစ်နေရာတွင် စောင့်ကြပ်နေသည့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။
Photo: AFP

ထိုင်းနိုင်ငံ၊ မဲဆောက်ကနေတစ်ဆင့် သောင်ရင်းမြစ်ကိုဖြတ်ပြီး မြန်မာနိုင်ငံ ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီကို အင်တာနက်လိုင်း တရားမဝင် သွယ်တန်းပေးဖို့ ပြင်ဆင်နေတဲ့ ထိုင်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ The Nation သတင်းမှာ စက်တင်ဘာလ ၂ ရက်နေ့က ဖော်ပြပါတယ်။

မဲဆောက်ခရိုင်၊ ကီးမိုင်းကျေးရွာအနီးကို နယ်ခြားစောင့်ရဲနဲ့ ထိုင်းစစ်တပ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကင်းလှည့်ချိန် အသက် ၃ဝ အရွယ် အဲဒီအမျိုးသားကို တွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

မြစ်ကိုဖြတ်ပြီး အင်တာနက် ဖိုင်ဘာကြိုးတွေကို သယ်ဖို့ အသုံးပြုတဲ့ ရေဒုံးကျည်တစ်ခု၊ ဝါယာကြိုးတွေနဲ့ အင်တာနက်လွှင့်တင်ရာမှာ သုံးတဲ့ အခြားကိရိယာတွေကိုလည်း ဖမ်းဆီးချိန်မှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီထိုင်းအမျိုးသားကို မဲဆောက်မြို့ရဲစခန်းမှာ စစ်ဆေးမေးမြန်းနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရှိရာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက ရွှေကုက္ကိုလ်မြို့သစ်ကို ပေးထားတဲ့ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေကို ပြီးခဲ့တဲ့ မေလကစပြီး ထိုင်းနိုင်ငံက ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။