သံဖြူဇရပ်မြို့နယ်မှာ ပြည်နယ်လွှတ်တော် တစ်နေရာ NLD လက်လွှတ်ဆုံးရှုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ရွေးကောက်ပွဲရလဒ်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က သုံးနေရာအနိုင်ရရှိပြီး မွန်ညီညွတ်ရေးပါတီ MUP က တစ်နေရာအနိုင်ရရှိခဲ့တယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

မွန်ညီညွတ်ရေးပါတီ ဝန်းရံသူတစ်ဦးကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလမှာ တွေ့မြင်ခဲ့ရစဉ် Photo-Min Khine Soe Lin/RFA

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ရွေးကောက်ပွဲရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သုံးနေရာအနိုင်ရရှိပြီး မွန်ညီညွတ်ရေးပါတီ MUP က တစ်နေရာအနိုင်ရရှိခဲ့တယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) မှာ MUP နိုင်ပြီး NLD က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) တို့မှာ နိုင်ခဲ့တာပါ။

သံဖြူဇရပ်မြို့နယ်ဟာ NLD နဲ့  MUP တို့ အားပြိုင်မှု ပြင်းထန်ခဲ့တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ မှာ သံဖြူဇရပ်တစ်မြို့နယ်လုံး NLD က အောင်နိုင်ထားခဲ့တာဖြစ်ပြီး ၂၀၂၀ မှာတော့ တစ်နေရာ လက်လွှတ်ခဲ့ရပါတယ်။ NLD ရှုံးနှိမ့်ခဲ့တဲ့ ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) မှာ မွန်ညီညွတ်ရေးပါတီရဲ့ တွဲဖက်အတွင်းရေးမှူး နိုင်လယိတမက ရွေးကောက်ပွဲ အောင်နိုင်ခဲ့တာပါ။

ပြည်သူ့လွှတ်တော်မှာ မွန်ညီညွတ်ရေးပါတီ MUPက ဦးအောင်မြင့်စိန် ၂၉၆၉၁ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဉာဏ်ဟိန်း ၃၅၃၃၀ မဲ၊ ကြံ့ခိုင်ရေးပါတီ USDP က ဦးကြည်ဇော် ၁၀၃၁၄ မဲ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP က ဦးသိန်းအောင် ၅၀၉ မဲ အသီးသီးရရှိခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော်အမှတ်(၈)မှာ မွန်ညီညွတ်ရေးပါတီ MUPက ဦးနိုင်ဦး ၃၂၆၄၅ မဲ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDက ဒေါ်မြတ်သီတာထွန်း ၃၅၀၂၈ မဲ၊ ကြံ့ခိုင်ရေးပါတီ USDPက ဦးပါစိန် ၉၉၁၉ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ၇၃၂ မဲ ရခဲ့ကြပါတယ်။

ပြည်နယ်လွှတ်တော် (၁)မှာ MUP ၁၂၃၁၈ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက ဦးမြင့်ဦး ၂၂၆၃၀ မဲ၊ ကြံ့ခိုင်ရေးပါတီ USDPက ဦးစိုးနိုင် ၆၁၇၀ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBPက ဦးကျော်ကျော်နိုင် ၃၉၅ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးတင်ထွန်း ၂၉၂ မဲရရှိတာပါ။

ပြည်နယ်လွှတ်တော် အမှတ် (၂) မွန်ညီညွတ်ရေးပါတီMUPက နိုင်လယိတမ ၂၀၆၆၈ မဲ၊ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် NLDက ဒေါ်တင်အေး ၁၂၀၆၄ မဲ၊ ကြံ့ခိုင်ရေးပါတီ USDPက ဦးမောင်စိန် ၃၇၉၇ မဲ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBPက ဦးရွှေသိန်း ၃၈၁ မဲ ရရှိခဲ့ကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ သံဖြူဇရပ်မြို့နယ်မှာ နိုင်ငံရေးပါတီ လေးခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲရုံ ၇၅ ရုံနဲ့ မဲပေးခွင့်ရှိသူ ၁၅၁၃၈၁ ဦးထဲမှာ လာရောက်မဲပေးသူ ၈၁၄၂၁ ဦးရှိခဲ့ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org