The Voice ဂျာနယ်ဟာ အောက်လွှတ်တော် ငွေစာရင်းကော်မတီကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပေးပို့တဲ့ စာမျက်နှာ ၃၆ မျက်နှာပါ အစီရင်ခံစာ အချက်အလက်တွေကို ရယူရေးသားဖော်ပြခဲ့တာဖြစ်ပြီး အစိုးရက အခုလို တုံ့ပြန်မှုကို ပြေလည်အောင် ဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။
အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနပိုင် မုံရွာ ကြေးနီစီမံကိန်းက ဒေါ်လာ သန်းတစ်ရာ တန်ဖိုးရှိတဲ့ အစုရှယ်ယာရောင်းဝယ်မှု ဖြစ်စဉ်ကို မတ်လ ၁၂ ရက်ထုတ် The Voice ဂျာနယ်မှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနက အခုလို တုံ့ပြန်လိုက်တာပါ။
ပြန်ကြားရေး ဝန်ကြီးဌာန ၊ သတ္တုတွင်း ဝန်ကြီးဌာန ၊ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန၊ အမှတ် (၁) နဲ့ အမှတ် (၂) စက်မှုဝန်ကြီး ဌာနတွေမှာ ငွေကြေး အလွဲသုံးစားမှုတွေ၊ ငွေစာရင်း မမှန်ကန်မှုတွေ ရှိနေတယ်လို့လည်း အဲဒီစာစောင်မှာ ဖော်ပြခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ပြည်ထောင်စု ဝန်ကြီးဌာနတွေရဲ့ ကျပ်သိန်း ထောင်ပေါင်းများစွာ အလွဲသုံးစားမှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှု တွေ့ရှိချက်တွေကို ပြည်ထောင်စု စာရင်းစစ်ရုံးက လွှတ်တော်ကို တင်ပြလိုက်ပြီး အစီရင်ခံစာကို ငွေစာရင်းကော်မတီထံ တင်ပြလိုက်ကြောင်း သိရပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သူ ဒေါ်ခင်ခင်အိရဲ့မေးမြန်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။
