ဦးသိန်းစိန် သမတ ဖြစ်ဖွယ်ရှိကြောင်း ဇေကမ္ဘာဦးခင်ရွှေပြောကြား

မကြာခင် ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်အတွက် သမတရာထူုးကို လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်ကို ရွေးချယ် ခန့်အပ်ဖို့ များတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတဦးက AFP သတင်းဌာနကို ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့ ထုတ်ဖော် ပြောဆိုပါတယ်။

2011.02.01
thein_sein_election_vote_305_z.png ၂၀၁၀ နိုဝင်ဘာ ၇ ရက်က ပြုလုပ်သော ရွေးကောက်ပွဲတွင် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် နေပြည်တော် မဲရုံတခု၌ မဲထည့်နေပုံ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရွေးကောက်ပွဲဝင်ရန် ဧပြီလတွင် စစ်ဖက်ရာထူးမှ နုတ်ထွက်ခဲ့သည်။ (Photo: AFP/ MYANMA NEWS AGENCY)
(Photo: AFP/ MYANMA NEWS AGENCY)
အလားတူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမတဖြစ်လာနိုင်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အထက်လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေကလည်း RFA ကို ပြောဆိုပါတယ်။

“ဖြစ်နိုင်ပါတယ်၊ ခုလည်း ဝန်ကြီးချုပ်ဆိုတော့ သမတ ဖြစ်ဖို့ များပါတယ်။ စာဖတ်အားကောင်းတဲ့ အတွက်ကြောင့်တော့ ကျွန်တော့ စိတ်ထင်တော့ စီးပွားရေးနဲ့ ပတ်သက်လို့တော့ တော်တော်များများ တံခါးဖွင့်ပြီး လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။”

အသက် ၆၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် မနှစ်က ဧပြီလအတွင်း တခြားဝန်ကြီး ၃၀ နီးပါးနဲ့အတူ စစ်ဖက် ရာထူးကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ယုံကြည်စိတ်ချရသူဖြစ်ပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်ကို ဆက်လက်ကြိုးကိုင်သွားမှာ ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆထား ပါတယ်။

သမတလောင်းအဖြစ် ထင်ကြေးပေးခံနေရသူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ပတ်သက်လို့ ပါတီရဲ့ အထက်လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။