ဥပဒေ ပြဌာန်း၊ ပြင်ဆင်၊ ရုပ်သိမ်း ရာမှာ ခြေ/ဥ နဲ့အညီဆောင်ရွက်ဖို့ သမ္မတ တိုက်တွန်း

2016-02-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သမ္မတ ဦးသိန်းစိန် ကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
သမ္မတ ဦးသိန်းစိန် ကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Ye Htut Facebook

ဥပဒေဆိုင်ရာကိစ္စတွေကို ၂၀၀၈ ဖဲ့ွစည်းပုံနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ထံ သဝဏ်လွှာပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။

ဥပဒေပြုရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်အနေနဲ့ ဥပဒေတွေကို အသစ်ပြဌာန်း တာ၊ ပြင်ဆင်ပြဌာန်းတာ၊ ရုပ်သိမ်းတာတွေကို ဆောင်ရွက်ရာမှာ နိုင်ငံတော်ဖဲ့ွစည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်ရဲ့ ဥပဒေတွေကို လိုက်နာပါမယ်လို့ ကတိသစ္စာပြုထားတဲ့အတိုင်း ဖွဲ့စည်းပုံနဲ့ အညီ ဆောင်ရွက်ကြဖို့ မျှော်လင့်ကြောင်း သဝဏ်လွှာမှာပါရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၅နှစ်တာကာလအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ အောင်မြင် မှုတွေကြောင့် ဒီမိုကရေစီထွန်းကားရေးနဲ့ နိုင်ငံဖံ့ွဖြိုးတိုးတက်ရေးအတွက် ကျေနပ်အားရဖွယ်ရာ အလား အလာကောင်းတွေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဖေါ်ပြပါတယ်။

တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ မြှင့်တင်ဆောင်ရွက်နိုင်ကြဖို့ လည်း ဆုတောင်းထားပါတယ်။

နိုင်ငံတော်သမ္မတဟာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ထံ ပထမဆုံးပေးပို့တဲ့ သဝဏ်လွှာဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ဖို့ လိုအပ်မှာဖြစ်ကြောင်း ပြော ဆိုနေကြချိန်မှာ ဒီသဝဏ်လွှာကို ပေးပို့လိုက်တာဖြစ်ပါတယ်။

သမ္မတရဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥပဒေပညာရှင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (3)
Share

အမည်မဖော်လိုသူ

ခြေ/ဥ ကို လူတစ်ဦးက တစ်ဦးကို အမုန်းတရားနဲ့ ပိတ်ပင် ဘို့ပြင်လို့မလွယ်အောင် ရေးဆွဲ ထားပြီးတော့များ နာဂစ် ခြေ/ဥ နဲ့ ပြင်ဘို့ပြောတာ တော်တော် သောက်သုံးမကျတာပဲ။ ဆင်းတာတောင် ဒုက္ခ ပေးနေသေးတယ်။ ခြေ/ဥ ဆိုတာ ပြည်သူ မကြိုက်ရင် ဘယ်ဟာ မဆို အချိန်မရွေးပြင်နိုင်ရမယ်။ နော်ေ၀ ဘုရင်လာတုန်းက ဘာပြောလဲ သူတို့နိုင်ငံမှာ ခြေ/ဥ ပြင်တာ အကြိမ် ၂၀၀ လောက်ရှိပြီလို့ပြောသွားတယ်မှုတ်လား။ မျက်ကန်းမျိုးချစ်တွေ။

Feb 08, 2016 07:38 PM

အမည်မဖော်လိုသူ

၂၀၀၈ဖွဲ့စည်းပုံဥပဒေ ပြင် မရ အောင် ကိုရေးဆွဲခဲ့တဲ့စစ်အစိုးရက
ဥပဒေ အကာအကွယ်ယူပြီး အနိုင်ရပါတီအပေါ် အုပ်ချုပ်ခွင့်အာဏာကို အပြည့်အဝပေးထားတာ မဟုတ်ပါဘူး။

Feb 08, 2016 07:02 PM

ေနာက္ဆံုး ထြက္သက္အထိ..

ဘစိန်ရယ်.. စိတ်လှေ ျာ့လိုက်ပါတော့ ။
၂၀၀၈နာဂစ်စစ်ဥပဒေက ပုံမလာတော့ပါဘူး။
အောက်သွားပြီ။ (တောမှာ သွားပြောတော့ ၊ အဲဒီမှာ ခြေဥဘုတ်အုပ်ကြီးကို စိတ်မဝင်စားကြလို့ ဘာမှန်း မသိဘူး။)

Feb 08, 2016 10:20 AM

ဆိုက်တခုလုံးသို့